"နေပါဦးဟ!! ငါတို့လဲ လိုက်မှာပေါ့"

"မိုးချုပ်နေပြီကို သူများအိမ်ဘာလိုက်လုပ်မလို့လဲ"

ကြည့်ပါလား...အဖြစ်သည်းပြနေတာ...။ လက်ထပ်ပြီးသွားတဲ့အချိန်ကစပြီး သူ့ယောကျ်ားကို တစ်ခါမှတောင်မတွေ့ရသေးတာ...။ ဂျူယောင်းဆို လူချင်းသေသေချာချာကို မမြင်ဖူးသေးဘူး...။ သူကိုက အဖြစ်သည်းလွန်းနေတာ...။

"မင်းအိမ်အသစ်ကို မရောက်ဖူးသေးလို့ကွာ... Hyung နဲ့လဲ မတွေ့တာကြာတော့ စကားလေးဘာလေးပြောရအောင်လို့"

"ဟုတ်တယ်... ငါလဲသူ့ယောကျ်ားကို မမြင်ဖူးသေးဘူး... ကလေးလေးရှိတယ်ဆိုတော့ ကလေးကိုလဲကြည့်ရင်း တစ်ခါတည်းယောက္ခမတော်ထားမလို့လေ"

"ငါ့သားကို နင်နဲ့သဘောမတူဘူး"

ပြောပြီးတာနဲ့တစ်ချိုးတည်း ကားသော့ဆွဲကာ အိမ်အပြင်ထွက်သွားတဲ့သူကြောင့် နောက်ကနေ ခပ်သုတ်သုတ်လိုက်ရသည်...။ ကားကိုဝူးကနဲနေအောင် ဆောင့်မောင်းသွားတဲ့သူကြောင့် နောက်ကနေမျက်ခြေမပျက် လိုက်ရပြန်သည်...။ ဒင်းကအဖြစ်သည်းနေမှတော့ မရရအောင်လိုက်ပြီး မထိတထိကို ကလိပေးဦးမှာ...။ ဟိုနှစ်ကောင်နဲ့လည်း တစ်ခါတည်းဇာတ်တိုက်ထားတယ်...။ တွေ့ကြပြီပေါ့...။

~~~~~~STRING~~~~~~

ဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် ညနေခင်းပိုင်းတွေမှာ မှောင်ရီပျိုးစပြုတာမြန်လှ၏...။ သားက ဒီရက်ပိုင်းတွေ တအီအီနဲ့ရှိလှတာကြောင့် နေမကောင်းဖြစ်မှာစိုးရသည်...။ ဒါ့ကြောင့် မိုးမချုပ်ခင်ထဲကရေချိုးပြီးတာနဲ့ ထမင်းကျွေးကာသိပ်ဖို့ပြင်ရသည်...။

ဂျွန် အိမ်ကိုပြန်မလာတာ နှစ်ရက်ရှိပြီဖြစ်သည်...။ အိမ်ကနေ ထွက်သွားတာနဲ့ပေါင်းရင် နှစ်ရက်နဲ့တစ်ညတိတိ...။ ထွက်သွားတဲ့ညကလည်း ထယ်ယောင်းမှာစိတ်ပူလို့ တစ်ညလုံးအိပ်လို့မပျော်...။ မနက်မိုးလင်းရင် ပြန်လာမယ်လို့ တွေးထားခဲ့မိပေမယ့် ဂျွန်က ထယ်ယောင်းထင်ထားတာထက်ကို ပိုရက်စက်ပါသည်...။

ကိုယ့်ကိုမုန်းနေရင်တောင် သားမျက်နှာကြောင့် ပြန်လာမယ်လို့တွေးခဲ့မိတာ...။ ဒီပတ်ဝန်းကျင်မှာ တစ်ယောက်တည်းမနေရဲပါဘူးလို့ ပြောထားတာကို ဂျွန်က မေ့သွားတာလား...။ ဒါမှမဟုတ် တမင်ပစ်ထားခဲ့တာလားတော့ မသိပါ...။

~~STRING~~ (Completed)Where stories live. Discover now