"ဒါပေမယ့် ငါကသူ့ကို ချစ်လို့ယူထားတာမှမဟုတ်တာ"

"ချစ်လို့ယူထားတာမဟုတ်လဲ လက်ထပ်ထားကြတယ်ဆိုတာတော့ မေ့ပစ်လိုက်လို့မရဘူးနော် ဂျောင်ကု...!!"

"ငါ~~ငါ !!"

"ကိုယ့်စိတ်ကိုမချုပ်တည်းစမ်းနဲ့... အဲ့ဒါမင်းရဲ့ style မဟုတ်ဘူးနော် ဂျောင်ကု... ပြန်ချင်နေတယ်မလား... ပြန်ချလိုက်... ကိုယ့်အိမ်ပဲဟာ... မျှော်နေမယ့်သူလဲ ရှိတာပဲကို... ဘာကိုတွေးပြီးပူနေတာလဲ"

"အေးလေ !!"

နမ်ဂျွန်းက ဂျောင်ကုဘေးဝင်ထိုင်ကာ ပခုံးကိုပုတ်ရင်း ပြောလာတဲ့စကားတွေကြောင့် ဂျောင်ကုရဲ့စိတ်တွေဟာ ဝေခွဲမရတော့...။ အမှန်တော့ စိတ်ကပြန်ချင်နေတာ ကြာခဲ့ပြီ...။ နှစ်ရက်ဆက်တိုက်ပစ်ထားမိတော့ စိတ်လည်းမကောင်းဘူး...။ ပြန်ချင်နေတာတော့ အိမ်ကထွက်လာပြီး နောက်နေ့ပဲဆိုပါတော့...။ ငိုနေမလားလို့လည်း ခဏခဏတွေးမိတယ်...။

မခံနိုင်လောက်တဲ့စကားတွေရွေးပြောပြီး ထွက်လာခဲ့မိတာ ကိုယ့်လုပ်ရပ်ကမှားမှန်းသိလို့ သူ့ကိုလည်း မျက်နှာချင်းမဆိုင်ရဲဘူး...။ ဘာပဲပြောပြော ကင်မ်ထယ်ယောင်းဟာ ဂျောင်ကုလူသိရှင်ကြား လက်ထပ်ယူထားတဲ့ ကိုယ့်ယောကျ်ားပဲလေ...။ ပြီးတော့ သူပြောတဲ့အတိုင်းပြောရရင် ကိုယ့်ထက်အကြီးကိုမှ စကားလုံးတွေနဲ့စော်ကားခဲ့မိတာ...။

သူစိတ်နာသွားမှာကိုလည်း ဂျောင်ကုစိုးရိမ်မိသည်...။ အရင်ကတောင် မုန်းချင်လာပြီလို့ပြောထားတော့ အခုနေဆို သူတော်တော်စိတ်နာနေလောက်မှာပေါ့...။ ဘာပဲပြောပြော ကိုယ့်ဘက်ကနေ လွန်ထားတဲ့ကိစ္စကြောင့် ဂျောင်ကုချော့မှကိုဖြစ်လိမ့်မည်...။ ငိုသံပါတဲ့လေသံလေးနဲ့ 'ဂျွန်'လို့ခေါ်ပြီး မကျေနပ်တာတွေကို ထုတ်ပြောလာမယ့် အသံလေးကိုလည်း ဂျောင်ကုကြားချင်လှသည်...။

ပြီးတော့ ဂျောင်ကုနမ်းလိုက်တိုင်း စိုရဲသွားတတ်တဲ့ နှုတ်ခမ်းလေးတွေ...။ ကိုယ့်ကြောင့်ငိုရတဲ့အခါ နီရဲတက်လာတဲ့ နှာခေါင်းထိပ်လေးတွေကအစ‌ပေါ့...။

"ငါပြန်တော့မယ် !"

ရုတ်တရက်ကြီးမတ်တပ်ထရပ်ရင်း ပြန်ဖို့လုပ်နေတဲ့သူကြောင့် သုံးယောက်သားလက်တို့ကာ ကြိတ်ရယ်မိတော့သည်...။ ပြောလိုက်ရင်တော့ ချစ်လို့ယူထားတာမဟုတ်ပါဘူးတဲ့...။ ပြီးရင်သူပဲ အထိမခံတွေဖြစ်...။ သဝန်တွေတိုပြ...။ အခုပြဿနာကလည်း သူသဝန်တိုလို့ဖြစ်တဲ့ကိစ္စ...။ ကာယကံရှင်ကသာမသိတာ ဘေးနားကလူတွေက ကြည့်ပြီးအသည်းတွေယားလို့...။

~~STRING~~ (Completed)Where stories live. Discover now