"မသိဘူးကွာ!! သူ့ဟာသူစိတ်ပူပြီး ငိုသေသေ
သူ့အကြောင်းမပြောနဲ့ မကြားချင်ဘူး"

ပြောပြီးတာနဲ့ ဆိုဖာပေါ်ခေါင်းတင်ကာ မျက်လုံးကြီးမှိတ်လျှက် ငုတ်တုတ်မေ့နေတဲ့သူကြောင့် ယွန်းဂီမှာသက်ပြင်းချဖို့သာ တတ်နိုင်တော့သည်...။ အဲ့ဒီဂျွန်ဂျောင်ကုဆိုတဲ့ကောင်က ဘယ်လိုမှစကားကောင်းပြောလို့မရ...။

"ting tong~~ting tong"

အိမ်ရှေ့က bell မြည်သံကြောင့် ယွန်းဂီလည်း ထိုင်နေရာမှချက်ချင်း အပြင်သို့ပြေးထွက်လာခဲ့လိုက်သည်...။ ဟိုနှစ်ကောင် ရောက်ချလာတာပဲဖြစ်လိမ့်မည်...။

"လာလာ... မင်းတို့ကိုမျှော်နေတာ... ဟိုကောင့်ကိုကြည့်ပြောကြဦး... ငါတော့သိပ်မပြောချင်တော့ဘူး"

စိတ်ပျက်လက်ပျက်လေသံဖြင့် မျက်နှာကြီးရှုံ့တွနေတဲ့ယွန်းဂီဟာ ဂျောင်ကုကို တော်တော်ကြီးသည်းခံနေရပုံပါ...။ နမ်ဂျွန်းလည်း ဂျူယောင်းကိုတစ်ချက်ကြည့်ရင်းမှ မေးဆတ်ပြရင်း အိမ်ထဲသို့လှမ်းဝင်လာခိုက်မှာပဲ ဧည့်ခန်းထဲမှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့သူကြောင့် နှစ်ကောင်သားတိုင်ပင်ထားတဲ့အတိုင်း ပြိုင်တူခေါ်လိုက်ကြသည်...။

"ဟျောင့် !"

"ဂျောင်ကု !"

တစ်ပြိုင်ထဲထွက်လာတဲ့အသံနှစ်သံကြောင့် မျက်လုံးတို့အား မှေးမှိတ်ထားရာကနေ ဖွင့်ကြည့်မိတော့ နမ်ဂျွန်းနဲ့ ဂျူယောင်း...။ စိတ်ညစ်နေရတဲ့ကြားထဲ ဘာလာလုပ်ကြပြန်ပြီလဲမသိ...။ ကြည့်ရတာဟိုကောင်ယွန်းဂီ စစ်ကူခေါ်လိုက်တာပဲဖြစ်မည်...။ စိတ်ညစ်ပါတယ်ဆိုမှ တစ်ယောက်တစ်မျိုး နားပူအောင်လုပ်တာကို ခံရဦးတော့မည်...။

"ဘာလဲ...!! ဘာလာလုပ်တာလဲ !!"

ကြည့်ဦး... မေးပုံကိုက အချိုးတစ်စက်မှမပြေ...။

"အောင်မာ... သူ့အိမ်တက်နေတာကျနေတာပဲ
လေသံကိုက မိုးပေါ်ကမဆင်းဘူး"

"အေးလေ...ပြောပုံကိုက"

ဂျူယောင်းရဲ့စကားကို နမ်ဂျွန်းက တခဲနက်ထောက်ခံနေတော့သည်...။ ယွန်းဂီကတော့ သူတို့ကြားထဲ ဘာမှဝင်ပြောချင်စိတ်လည်းမရှိတော့။

~~STRING~~ (Completed)Where stories live. Discover now