"ဘာမှမဖြစ်ပါဘူး အပူလောင်သွားရုံလေး"
"ပြပါဦး...တော်တော်နာသွားလား"
လက်ကိုဆွဲယူကာ ကြည့်နေတဲ့မျက်နှာလေးဟာ စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်လို့နေ၏...။
"အဲ့ဒါကြောင့်ကိုယ်လုပ်မယ်လို့ပြောတာ
ဂျွန်က ကိုယ့်စကားဆိုနားမထောင်ဘူး"
"ခင်ဗျားပင်ပန်းနေမှာစိုးလို့ပါ"
ကိုယ့်လက်ကိုအသာလေးကိုင်ကာ ခပ်ဖွဖွလေးတို့ထိနေတဲ့ သူ့လက်ချောင်းလေးတွေ...။ နွေးထွေးမှုဆိုတာ ဒါကိုပြောတာများလား...။ ရင်ထဲမှာခံစားနေရတဲ့ ခံစားချက်က ပြောပြမတတ်အောင်ပဲ...။ ပျော်လည်းပျော်သလို ဒီလိုအသေးစိတ်ကအစ ဂရုစိုက်ပေးတတ်တဲ့သူကြောင့် ဂျောင်ကုဟာတကယ်ကို ကံကောင်းတဲ့သူပဲ...။
"အဟမ်း~~အဟမ်း !"
"ငါတို့ပြန်ပြီနော်... သားသားကို ဧည့်ခန်းထဲသိပ်ထားပေးခဲ့တယ်... စိတ်ချလက်ချချစ်ကြည်နူးကြပါ... မနှောင့်ယှက်တော့ဘူး... တာ့တာ...!!!"
ဟုတ်တယ်... နောက်ဆိုသူများလင်လင်ကြား ဝင်မပါတော့ဘူး...။ ပြောတော့မချစ်ဘူးမချစ်ဘူးနဲ့ ပြီးရင်သူပဲသေမလို သူငယ်ချင်းနဲ့ကအစ သဝန်တို...။ ဟိုကလည်း သူ့ယောကျ်ားကိုစိတ်သာဆိုးတာ တစ်ခုခုဖြစ်တာနဲ့မနေနိုင်ဘူး...။ ပြေးသွားလိုက်တာမှ လှစ်ကနဲပဲ...။ ကြားထဲက ကိုယ်တွေသုံးယောက်က နှာဘူးတွေလုံးလုံးဖြစ်လို့....။
............................To Be Continued
(Zawgyi)
"မင်းဒီပုံစံတိုင်း ဘယ်လောက်အထိ ကြာကြာဆက်နေနေမှာလဲ ဂျောင်ကု... ငါကြည့်နေတာ တစ်ရက်နှစ်ရက်မကတော့ဘူး... ကုမ္ပဏီကို စိတ်မပါပဲသွားတယ်... ပြန်လာတော့လည်း လဒမှိုင်မှိုင်တယ်... ပြတ်နိုင်တာလဲမဟုတ်ပဲနဲ့ ဘာလို့ကိုယ့်ကိုယ်ကို ဒုက္ခပေးချင်နေရတာလဲ...!!!"
လွန်ခဲ့တဲ့နှစ်ရက်က bar ကိုဝုန်းဒိုင်းကြဲရောက်ချလာပြီး မူးကွဲအောင် ပုလင်းထောင်ပြီးသောက်သည်...။ အိမ်ပြန်ပို့ပေးဖို့လုပ်တော့ ပြဿနာတွေရှာနေလို့ ယွန်းဂီအိမ်ကိုပဲခခေါ်လာခဲ့ရတာ...။ အခုတော့ခေါ်လာမိတဲ့သူပဲ နောင်တတွေရချင်ချင်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 20
Start from the beginning
