ချက်ချင်းထဖို့ပြင်နေတဲ့သူအား ဂျောင်ကုအတင်းတားကာ kitchen ထဲသို့ဝင်လာခဲ့လိုက်သည်...။ တစ်ခါတလေဆုံရတာမို့ ရင်းနှီးအောင် စကားပေးပြောထားတာ...။ တစ်ယောက်တည်းထားခဲ့ပြီး စိတ်မချနိုင်ဖြစ်နေရတာက ဂျောင်ကုပင်...။ ဧည့်ခန်းထဲကနေ ကြားနေရတဲ့အသံတွေကြောင့် ကော်ဖီကိုတောင် ဖြောင့်အောင်မဖျော်နိုင်တော့...။

"hyung က အသားအရည်လဲလှတယ်နော်
ကြည့်ဦး... နုအိနေတာပဲ"

"အေးဆို... လက်လေးတွေလဲလှတယ်"

"ယွန်းဂီကြည့်ဦး... မျက်တောင်လေးတွေဆို
တိုတိုစိပ်စိပ်လေးနဲ့ကြည့်လှတယ်နော်"

"အေးဟ... နှုတ်ခမ်းတွေဆိုသေးသေးလေးနဲ့"

"အမယ် ငါ့ထက်တောင်လှသေး... ဂျူယောင်းတောင် အစ်ကို့ကိုမနာလိုတော့ဘူး... ဒါကြောင့် ဂျောင်ကုက အထိမခံဖြစ်နေတာဖြစ်မှာ"

ယွန်းဂီနဲ့နမ်ဂျွန်းရဲ့ ဂွကျကျအပြောတွေကြောင့် ထယ်ယောင်းမနေတတ်တော့...။ ဒါကိုမှ ဂျူယောင်းဆိုတဲ့ ကလေးမကပါ ဝင်ပြောလာတော့ ပိုပြီးဆိုးသွားတော့သည်...။ ဘာ့ကြောင့်များ တိုးတိုးသက်သာမပြောပဲ အော်ကြီးဟစ်ကျယ်ပြောနေကြမှန်း နားကိုမလည်တော့...။ သားကတော့ ဂျူယောင်းလက်ထဲမှာပဲ ငိုလို့ဝသွားလို့အိပ်သွားလေပြီ...။

"အားးး~~ပူတယ်ပူတယ် !!"

ရုတ်တရက် kitchen ဘက်ကနေ စူးကနဲနေအောင် ထွက်လာတဲ့အသံကြောင့် ထယ်ယောင်းစိတ်ပူသွားရသည်...။ ဂျွန် ဘာဖြစ်လို့ပါလိမ့်...။

"ဂျွန် ! ဂျွန်! ဘာဖြစ်တာလဲဟင်...!!!"

ချက်ချင်း kitchen ဘက်သို့ ထပြေးသွားတဲ့သူကြောင့် ဂျူယောင်းတို့မှာ အချင်းချင်းအချက်ပြလျှက်...။ အရေးတော်ပုံအောင်တဲ့ စစ်သားကြီးတွေလို မျက်နှာတွေဟာ ပြုံးဖြီးလို့...။

ကော်ဖီဖျော်တဲ့ဆီကိုစိတ်မရောက်ပဲ အပြင်သို့ထွက်ချင်စိတ်က လောနေတာနဲ့ ပူနေတဲ့ဖန်ခွက်ကို လက်နှစ်ဖက်နဲ့ ကောက်ကိုင်လိုက်တာ ကော်ဖီတွေအကုန်ဖိတ်ကျသွားပေမယ့် အောက်ကိုမဖိတ်စင်ပဲ ဗန်းပေါ်ရှိနေသေးတာပဲတော်ရမည်...။

"ဂျွန်!! ဂျွန်ဘာဖြစ်တာလဲဟင်... ကိုယ်စိတ်ပူလိုက်တာ"

ငိုသံပါလေးနဲ့ရောက်ချလာတဲ့ တစ်ယောက်သောသူကြောင့် ရင်ထဲလှိုင်းပုတ်သလိုသိမ့်ခနဲ...။ အပူလောင်တာကိုပဲ ကျေးဇူးတင်ရတော့မလို...။

~~STRING~~ (Completed)Where stories live. Discover now