"ဟဲ့~~အဖြစ်သည်းတာ... ငါက ကလေးလေးကို ချစ်လို့နမ်းတာပါဟယ်... ကြည့်ပါလား ဖအေတူသားလေးမို့လားမသိ ချစ်စရာလေးဟာ... ငိုနေတာတောင် ချစ်ဖို့ကောင်းတယ်... မျက်လုံးလေးတွေဆို ပြာပြာလေးနဲ့ ရှားမှရှားနော်... ဟဲ့ နင်တို့မြင်တယ်မလား... ကလေးမျက်လုံးကို သေချာကြည့်"

ဂျောင်ကုကတော့ သားကိုစိုးရိမ်ကာ ဂျူယောင်းလက်ထဲကနေ ချီဖို့ပြင်လိုက်ပေမယ့် ဒင်းက တစ်ဖက်ကနေ နမ်ဂျွန်းလက်ထဲကို ထိုးထည့်ပေးလိုက်တာကြောင့် လက်ပင်ရှက်သွားရသည်...။

"hyung ကချောတာကိုးဟ...
မျက်ခုံး နဲ့နှုတ်ခမ်းတွေက hyung နဲ့တူတယ်"

ကြည့်စမ်း~~အခုအဖက်လုပ်မခံရတာက ဂျောင်ကုပေါ့လေ...။ သူတို့ဟာသူတို့ စကားပြောပြီး သာယာနေလိုက်ကြတာ...။ ကိုယ့်ကိုရှိတယ်လို့တောင် တွေးတော့ရဲ့လားမသိ...။

သားက ဂျူယောင်းလက်ထဲကလွတ်တာနဲ့ ငိုသံလေးတွေတိတ်ကာ ဟိုနှစ်ကောင်ကို သေချာစိုက်ကြည့်နေ၏...။

"ဦးဦးတို့ကချောလို့ သားသားကသေချာကြည့်တာလား...?? သားသားပါပါးကတော့ ရုပ်ဆိုးကြီးသိလား... ရုပ်ဆိုးတဲ့အပြင် အကျင့်ကလဲမကောင်းဘူး"

တစ်နှစ်ခွဲအရွယ်ကလေးကို ဒါတွေသွားပြောလဲ အလကားပဲ...။  သားက ဘာသိဦးမှာလဲ...။ ကလေးအဖေလေးကတော့ ကိုယ့်ကိုလည်းမကြည့်...။ သူတို့ပြောသမျှနားထောင်ကာ မျက်နှာလေးက ရွှင်လို့လာသည်...။

"အာ~~မေ့နေတာ... ဧည့်သည်တွေကို ဘာမှတောင် ဧည့်မခံရသေးဘူး... ခဏနော် hyung သွားပြင်လိုက်ဦးမယ်... ထမင်းပါတစ်ခါတည်းစားသွားပါလား... အကုန်အဆင်သင့် ဖြစ်နေပြီးသားဆိုတော့"

"နေပါစေ hyung ရဲ့... ကျွန်တော်တို့ခဏနေရင် ပြန်တော့မှာပါ... ကြာကြာနေရင် တစ်ယောက်သောသူက ပြောနေလိမ့်မယ်"

ယွန်းဂီရဲ့အနှောင့်အသွားမလွတ်တဲ့စကားဟာ ဂျောင်ကုကိုပြောနေမှန်း သိပ်သိတာပေါ့...။

"ဒီလိုဆိုလဲ ကော်ဖီတော့သောက်သွားလေ
hyung သွားဖျော်လိုက်မယ် ခ‌ဏပါပဲ"

"ထိုင်နေပါ... ကျုပ်ပဲသွားဖျော်လိုက်မယ်
တစ်ခါတလေမှဆုံရတာပဲ"

~~STRING~~ (Completed)Место, где живут истории. Откройте их для себя