"အဲ့ဒီမေးခွန်းကို ကိုယ်ဖြေစရာမလိုဘူးလို့ထင်တယ်... ဂျွန် မေ့သွားပြီလား... ကိုယ်တို့လက်မထပ်ခင်က ပြောထားတဲ့စကားကိုလေ... ကိုယ့်ကိစ္စ၊ သူ့ကိစ္စ ဝင်မပါကြေးလို့ ဂျွန်ကိုယ်တိုင်ပြောထားတာ"

"ကျုပ်စကားနဲ့ကျုပ်ကိုပြန်မလှန်နဲ့... ဘာလဲ မဟုတ်တာလုပ်ထားလို့ ပြောမထွက်တော့တာလား...?? ပြောလေ...!!! ခင်ဗျားဘက်ကမှန်နေရင် ပြောရဲရမှာပေါ့"

"ကိုယ့်ဘက်ကနေ မပြောရဲစရာဘာအကြောင်းမှမရှိဘူး... မဟုတ်တာတွေပြောပြီး ကိုယ့်ကိုလာမစော်ကားနဲ့... DNA က ကိုယ့်ရဲ့အလုပ်ရှင်... အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးထက်မပိုဘူး"

"ဟက်...ဒါဆိုသူတို့ပြောတာမှန်နေပြီပေါ့"

"ဂျွန် ဘာတွေကြားခဲ့လဲတော့ကိုယ်မသိဘူး... ဒါပေမယ့် ကိုယ့်ဘက်က ရိုးသားတယ်ဆိုတာကိုတော့ ဂျွန့်ကို သိထားစေချင်တယ်"

"ရိုးသားတယ် ဟုတ်လား...!!! ဒါဆိုဘာလို့ အခွင့်ထူးခံစားနေရသလဲ ရှင်းပါဦး... ခင်ဗျားက အဲ့ဒီကုမ္ပဏီရဲ့ အဖိုးတန်လေးတဲ့... CEO ကိုယ်တိုင်ကပါ ကားတံခါးဖွင့်ပေးရတဲ့အဆင့်... ပြီးတော့ သူများတွေနဲ့မတူတဲ့ အခွင့်အရေးလဲရနေတယ်... ရုံးမတက်ပဲ အိမ်မှာအခန့်သား design ဆွဲခွင့်ရထားတာ... အဲ့ဒါရိုးသားတာတွေလား....!!!"

ဂျွန့်စကားတွေဟာ တဖြည်းဖြည်းနဲ့ အစွန်းရောက်လွန်းနေပြီ...။ DNA နဲ့အလုပ်တွဲလုပ်လာတာ ထယ်ယောင်းဘဝထဲကို သားမရောက်လာခင်တည်းက...။ ကလေးတစ်ဖက်နှင့်မို့ နားလည်မှုယူကာ အိမ်မှာပဲ design ဆွဲခွင့်ပေးထားတာ...။ ဒီလောက်ကောင်းတဲ့ အလုပ်ရှင်မျိုးရထားတာ ထယ်ယောင်းအတွက် ဘယ်လောက်ကောင်းလိုက်သလဲ...။

"ကိုယ်က သားကိုခေါ်ပြီးအလုပ်တက်ရမှာလား ဂျွန်...!!! design ဆွဲတဲ့ကိစ္စက ကိုယ့်အိမ်မှာလုပ်လဲရတယ်... ဒါကို ဂျွန်မသိတာလား မသိချင်ယောင်ဆောင်နေတာလား...??"

"ကလေးခေါ်ပြီး အလုပ်မတက်ချင်ရင် အဲ့ဒီကုမ္ပဏီကနေ အလုပ်ထွက်လိုက်လေ... ဘာလဲ ကျုပ်ရှာပေးတာနဲ့မလောက်လို့လား...?? ခင်ဗျားမိသားစုကို ပြန်ထောက်ပံ့နေရလို့လား...?? ငွေလိုနေလို့လား... ပွင့်ပွင့်လင်းလင်းပြောနော်... ကျုပ်ပေးနိုင်တယ်"

~~STRING~~ (Completed)Место, где живут истории. Откройте их для себя