ဟိုကိစ္စဖြစ်ပြီးထဲက ဂျွန်နဲ့သူ့ရဲ့ဆက်ဆံရေးက နည်းနည်းလေး ကောင်းလာတယ်လို့ပြောရမယ်...။ အရင်လိုအပြစ်ရှာပြီး ပြောဆိုမနေတော့ပေမယ့် တစ်ခါတရံတော့ လူကိုမထိတထိစတတ်သေးသည်...။
"ဂျွန် !!"
အိမ်ထဲဝင်လာတဲ့သူရဲ့မျက်နှာဟာ တည်တင်းနေတာကြောင့် အနားကိုသွားရပ်ရင်းမှ မေးလိုက်မိသည်...။
"အလုပ်တွေပင်ပန်းလို့လားဟင်"
လက်ကိုဆွဲကိုင်လိုက်ပေမယ့် ဖြုတ်ချခြင်းခံလိုက်ရတာကြောင့် စိတ်ထဲနည်းနည်းထင့်ကာ စိုးရိမ်သွားရသည်...။
"နေမကောင်းဘူးလား ဂျွန်... ခေါင်းကိုက်နေလား...?? ခဏနော်... ကိုယ် သံပုရာရည်သွားဖျော်လိုက်မယ်"
"နေဦး~~မသွားနဲ့!! ခင်ဗျားနဲ့ကျုပ် ရှင်းစရာတွေရှိတယ်"
ရုတ်တရက်လက်ကို ဆောင့်ဆွဲခံလိုက်ရတာကြောင့် အရှိန်မထိန်းနိုင်ပဲ ဂျွန့်ရင်ခွင်ထဲ အင့်ကနဲ ပြေးကပ်မိတော့သည်...။
"ဘာ...ဘာလဲဟင်...?? ဂျွန် ဘာကိုဆိုလိုတာလဲ"
"ဘာကိုဆိုလိုတာလဲဟုတ်လား !! ခင်ဗျားက အခုချိန်ထိ ဟန်ဆောင်ကောင်းဆဲပါလား ဟမ်...!!! အပြင်ပန်းကြည့်ရင်သာ ဖြူစင်တယ်ထင်ရတာ... တကယ်တမ်းတော့ ခင်ဗျားက တော်တော်ကြောက်ဖို့ကောင်းတာပဲ"
လက်ကိုမလွှတ်သေးပဲ အတင်းဖိကာညှစ်ထားတာကြောင့် ထယ်ယောင်းလက်လေးနာလာသည်...။ အခုချိန်ထိ ဂျွန်ပြောသမျှစကားလုံးတိုင်းကို ထယ်ယောင်းလိုက်လို့မမှီတော့ဘူး...။
"ဂျွန် ဘာတွေပြောနေတာလဲ...?? ကိုယ်ဘာလုပ်မိလို့ သပ်သပ်ကြီး လိုက်အပြစ်တင်နေရတာလဲ...?? ပြဿနာကိုပြောမှ ကိုယ်သိမှာပေါ့"
"ဘာမှမလုပ်ဘူး ဟုတ်လား...?? ဒါဆို ကျုပ်မေးပါဦးမယ်... ခင်ဗျားနဲ့ DNA က ဆက်ခံသူနဲ့က ဘာတွေလဲ... ?? ဘယ်လိုဆက်ဆံရေးတွေလဲ...?? မေးနေတယ် ဖြေလေ !! ဘာလဲ... မဟုတ်တာလုပ်ထားလို့ မဖြေနိုင်တော့ဘူးလား...??"
ခုနကတော့ ဘာမှမသိတဲ့ပုံစံနဲ့ ကိုယ်ပြောသမျှကို တစ်ခွန်းမကျန် အထိမခံဖြစ်နေတာ...။ အခုတော့သူ့ဆီကနေ အသံပင်ထွက်မလာ...။ ငြိမ်နေတယ်ဆိုတော့ ဟုတ်နေလို့ပဲပေါ့...။ လက်ကိုကိုင်ထားရာမှ ဆောင့်လွှတ်ကာ ပခုံးကိုလက်နှစ်ဖက်ဖြင့်ဖိဆုပ်ပြီး ခပ်ကြမ်းကြမ်းလှုပ်ခတ်တဲ့အခါ သူ့ဆီကနေထွက်ကျလာတဲ့ အသံတွေဟာတုန်ယင်လျှက်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Start from the beginning
