ဆောင့်အောင့်ကာထွက်သွားတဲ့သူမကို ဂျောင်ကုလိုက်မချော့ဖြစ်တော့ပါ...။ အခုချိန်စိတ်ထဲ ဒေါသတွေအချောင်းချောင်းထွက်နေပြီး ပေါက်ကွဲပစ်ချင်တာပဲသိသည်။
ဒါ့ကြောင့်ဟိုတလောက အဲ့ဒီကောင်အကြောင်းမေးတုန်းက သူ့ပါးစပ်က ဘာမှမထွက်လာပဲဖြစ်နေရတာကိုး...။ တတ်လည်းတတ်နိုင်ပါ့...။ ကလေးတစ်ယောက်ကို တာဝန်ယူခိုင်းတာနဲ့ အားမရသေးဘူး လူကိုပါထပ်ပြီး စော်ကားချင်နေသေးတယ်...။
ဂျူယောင်းပြောသလို ကုမ္ပဏီကိုတောင်မလာခိုင်းပဲ အိမ်မှာပဲ design ဆွဲခိုင်းတယ်ဆိုတော့ သူတို့ပတ်သတ်မှုက တော်ရုံမဟုတ်လို့ပဲ...။ အန်ကယ်လီကလည်း ပြောသွားသေးတယ်...။ ကင်မ်ထယ်ယောင်းဟာ DNA က လက်မလွှတ်နိုင်တဲ့ အဖိုးတန်ရတနာတစ်ခုတဲ့လေ...။
အခုမှသတိရတယ်... လက်ထပ်တဲ့နေ့ကလည်း ဂျောင်ကုကိုယ်တိုင် ပါးစပ်ကနေပြီး DNA ကို သဘောမကျကြောင်း ထုတ်ပြောခဲ့တာ...။ ဒါကိုသိသိရက်နဲ့ သူလုပ်တာဆိုရင်တော့ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းဖို့လိုလာပြီ...။
~~~~~~STRING~~~~~~
မနက်ဖြန်နေ့လည်လောက်ကျရင် design အပ်ဖို့ရှိတာကြောင့် ဒီနေ့ကတည်းက လက်စဖြတ်မှရမည်...။ အရင်ရက်တွေကလည်း သားကနေ့ခင်းပိုင်းတွေမအိပ်ပဲ အနားမှာကပ်နေတော့ အလုပ်ကသိပ်ပြီးမတွင်...။ ကလေးကိစ္စ၊ အိမ်ကိစ္စအပြင် ဂျွန့်ကိုပါဂရုစိုက်ပေးနေရတော့ ထယ်ယောင်းမှာ အရင်ကလောက် မလွတ်လပ်တော့ပါ...။
ဒါ့ကြောင့် ဂျွန် အိမ်အကူခေါ်မယ်ပြောတုန်းက တစ်ခါတည်း လက်ခံလိုက်ရမှာကို... ။ ထယ်ယောင်းက ဘာနေနေကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်သည်...။ သူများကိုခိုင်းရင် စိတ်တိုင်းမကျတာက ခပ်များများရယ်...။
အခုတောင် သားကိုအိပ်ဖို့ချော့သိပ်ပြီးမှ အလုပ်ကိုဖြောင့်ဖြောင့်လုပ်နိုင်၏...။ ဆန်လုံးလေးက သန္ဓေကောင်းတယ်ပဲပြောရမယ်...။ ထားရင်ထားတဲ့အတိုင်းလေး နေတတ်လို့သာပေါ့...။ နေမကောင်းတဲ့အချိန်လေးပဲ အနားကပ်ပြီးဂျီကျတတ်တာ...။
လုပ်လက်စအလုပ်တွေ လက်စသပ်ပြီးချိန်မှာတော့ ခြံရှေ့ကားဟွန်းတီးသံကိုကြားရသည်...။ အိမ်အကူမခေါ်ပေမယ့် ခြံစောင့်ကတော့မရှိမဖြစ်မို့ အရင်ရက်တွေကပဲ ဂျွန်ကိုယ်တိုင် ငှားထားပေးတာဖြစ်၏...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Start from the beginning
