"အေး~~ဟုတ်တယ်လေ"

"နင်သိနေတယ်လား...!!!
ငါကမသိသေးဘူးထင်နေတာ"

"သူအဲ့ဒီမှာ အလုပ်လုပ်တာနဲ့ ငါနဲ့ဘာဆိုင်လို့လဲ"

မသိချင်ယောင်ဆောင်ကာပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီးဘဝင်မကျချင်...။

"အေး....နင်ပဲသွေးအေးပြီး မသိချင်ယောင်ဆောင်နေ... DNA နဲ့ နင်တို့ group နဲ့မတည့်တာ နင်မေ့သွားတာတော့ မဟုတ်ပါဘူးနော်... ဒါပေမယ့် အခုကိစ္စကအရေးကြီးတယ်... အဲ့ဘက်က ဆက်ခံသူအကြောင်း နင်မသိသေးဘူးထင်တယ်"

"ဘာလဲ... ငါကသူ့အကြောင်း တကူးတကလိုက်စုံစမ်းနေရအောင် အချိန်တွေပေါမနေဘူး "

ဂျူယောင်းတစ်ယောက် အခုချိန်ထိသွေးအေးနေဆဲဖြစ်တဲ့ သူမရဲ့ရည်းစားဟောင်းလေး ဂျောင်ကုကို မီးမွှေးပေးမှကိုဖြစ်တော့မည်...။

"အေး...အခုသိသင့်နေပြီ... သူက နင့်ယောကျ်ားကိုသဘောကျနေတာနော်... ကလေးတစ်ယောက်အဖေအိမ်ထောင်ရှိတာသိရက်နဲ့ နင့်ယောကျ်ားနားကပ်နေတာ ဟိုတစ်ခါဆိုင်မှာတွေ့ခဲ့တာ နင်မှတ်မိမှာပေါ့... တအားကို ရင်းနှီးကျွမ်းဝင်တဲ့ပုံစံမျိုးလေ... ပြီးတော့ရှိသေးတယ်... သူ့ကုမ္ပဏီက အလုပ်သမားဆိုရင် ရာထူးဘယ်လောက်ပဲကြီးကြီး ရုံးတော့တက်ရမှာပဲလေ... ဟုတ်တယ်မလား... အနည်းဆုံးတစ်ပတ်မှာ တစ်ခါလောက်ကွာ... ဒါပေမယ့် နင့်ယောကျ်ားကိုကျ အိမ်မှာပဲ design ဆွဲခွင့်ပေးထားတာ... အဲ့‌‌ဒါ သဘာဝကျမနေဘူးနော်... သူတို့ကြားဆက်ဆံရေးက တော်ရုံမဟုတ်ဘူးလို့ ငါတော့ထင်တယ်... နင်ရောဘယ်လိုထင်လဲ"

စကားပြောနေရင်းမှ သူ့မျက်နှာကိုအကဲခတ်ရင်း ဂျူယောင်းရယ်ချင်စိတ်ကို ထိန်းနေရသည်...။ မျက်မှောင်တွေတွန့်ချိုးလျှက် မျက်စိမျက်နှာပျက်နေပုံကြောင့် သူမရဲ့စကားက တော်တော်လေးကိုမှ ထိရောက်သွားလို့ပဲ...။

"မသိဘူး...သူ့ဟာသူဖြစ်ချင်ရာဖြစ်
ချစ်လို့ယူထားကြတာလဲမဟုတ်ဘူး"

"အေးနော် နင်သွေးအေးနေ... ပြီးမှပါသွားမှ လာမငိုပြနဲ့... ငါပြန်တော့မယ်... စေတနာနဲ့လာပြောပြတာကို လူကိုအော်လားဟစ်လားနဲ့.... ပြန်မယ် ပြန်မယ်... ကြာကြာနေရင် ငါပါမီးလောင်သွားနိုင်တယ်"

~~STRING~~ (Completed)Where stories live. Discover now