"ဘာလဲဟာ !! ငါ့ဒေါသတွေနင့်ဆီရောက်သွားမယ်... စိတ်တိုနေရတဲ့ကြားထဲ"

"ဪ... နင့်မှာလဲငါလာတိုင်း စိတ်တိုနေရတာချည်းပဲ... အရင်ကတော့ ငါမလာရင်တောင် အတင်းမရမကဖုန်းဆက်ခေါ်တဲ့ကောင်က ယောကျ်ားလဲရပြီးသွားရော အချိုးတွေက... ဟွန်း...!!! သိနေတယ် သိနေတယ်"

သူမက ပြောပြောဆိုဆိုနဲ့ အတွင်းရေးမှူးဂျောင်ရဲ့ရှေ့က ခုံတွင်ဝင်ထိုင်ကာ ခုံပေါ်ချထားတဲ့ ကော်ဖီအေးဘူးအား ဇွတ်ခနဲလှမ်းယူသောက်တာကြောင့် ဂျောင်ကုမှာ ပါးစပ်အဟောင်းသားဖြစ်ရသည်...။ အတွင်းရေးမှူးဂျောင်ကလည်း ဂျောင်ကုကိုတစ်လှည့် ကော်ဖီယူသောက်သွားတဲ့ သူမကိုတစ်လှည့် နားမလည်သော အကြည့်တို့ဖြင့်...။

ဒီဟာမလေးဟာ တော်တော်လက်သရမ်းတာပဲ...။ မိန်းကလေးဖြစ်ပြီးအရှက်ကိုမရှိ...။ ရည်းစားတော်ခဲ့မိတာကိုပင် နောင်တရချင်ချင်။

"ဟူး~~မောတာဟယ်
ခုမှပဲအမောပြေသွားတော့တယ်"

ဂျောင်ကုလည်း အတွင်းရေးမှူးဂျောင်အား မျက်စပစ်ကာ အပြင်ထွက်ဖို့သတိပေးလိုက်ပြီး ခုံပေါ်ကနေထလာကာ သူမရှေ့တွင်ဝင်ထိုင်လိုက်သည်...။

"ဘာကိစ္စနဲ့ဒီကိုလာတာလဲ !"

"ကိစ္စရှိမှလာရမှာလား... ပြောစရာရှိလို့လာတာပေါ့"

"ဘာလဲပြော... ငါလုပ်စရာတွေရှိသေးတယ်"

"အမလေး~~ စောက်ဖြစ်ကိုသည်း... ပြောမှာပါပြောမှာပါ "

စကားကိုတော်ရုံနဲ့မပြောသေးပဲ ကော်ဖီအေးဘူးလေးကို ကုန်အောင်သောက်နေသေးသည်...။ သူမို့လို့ သူများသောက်ပြီးသားကို မရွံမရှာ...။

"ဒီမှာ~~ငါ့ကိုတော့တစ်မျိုးမထင်နဲ့ဟာ
ငါကနင်သိသင့်တယ်ထင်လို့ပြောပြတာ"

"အေး~~ဘာလဲ !
ပြောမှာဖြင့်မြန်မြန်ပြော"

"ငါက ငါသိသလောက်ပြန်ပြောပြတာနော်... DNA construction မှာ နင့်ယောကျ်ားက ပင်တိုင်စံ Home Designer ဆို"

လာပြန်ပြီနောက်တစ်ယောက်...။ ဒီမနက်ထဲမှာပဲ ကင်မ်ထယ်ယောင်းအကြောင်းက နားနဲ့မကြားချင်မှအဆုံး...။ ဂျောင်ကုကသာမသိတာ ဘေးကလူတွေကအကုန်သိနေကြတာပဲ...။ ဒါ့ကြောင့် အန်ကယ်လ်လီ ပြောတာလဲမပြောနဲ့...။  တစ်အိမ်ထဲနေပြီးမသိတာ တော်တော်ရှက်ဖို့ကောင်းနေပြီတဲ့လေ...။

~~STRING~~ (Completed)Место, где живут истории. Откройте их для себя