ဂျောင်ကုရဲ့ စကားသံဆုံးတဲ့နောက်မှာတော့ အသံတွေတွတ်ထိုးကာထွက်လာကြသည်...။ အန်ကယ်လီရဲ့မျက်နှာဟာ အရင်ကထက်ပိုပြီး ခက်ထန်လာသယောင်...။ ဂျောင်ကုကို တစ်ချက်စိုက်ကြည့်ရင်းမှ အစည်းဝေးခန်းထဲကနေ ကျောခိုင်းလျှက် အရင်ဦးဆုံးထွက်သွားလေသည်...။
~~~~~~STRING~~~~~~
အချိန်ကား နေ့လည်စာထမင်းစားချိန်ပင် လွန်နေပြီဖြစ်ပေမယ့် ဂျောင်ကုအခုထိ အလုပ်တွေဆက်နေဆဲ...။ မနက်က သူပြင်ပေးလိုက်တဲ့နွားနို့နဲ့ Tostadas ကိုစားထားတာကြောင့် ဗိုက်တော့သိပ်မဆာ...။ အစည်းဝေးပြီးကတည်းက စိတ်တွေရှုပ်ထွေးနေတာကြောင့် ဘာလုပ်လုပ် အဆင်ပြေမနေ...။ အတွင်းရေးမှူးဂျောင်ကတော့ သူ့အကျင့်အတိုင်း laptop နဲ့မျက်နှာကိုမခွာ...။ keyboardကို တထောက်ထောက်နဲ့ အသံမြည်အောင်စာရိုက်လိုက်၊ လက်ထဲက ဘာဂါလေးကို တစ်ငုံ့ကိုက်လိုက်နဲ့ အဆင်ပြေလို့နေသည်...။
အဆင်မပြေတာက ဂျောင်ကု...။ မနက်က အန်ကယ်လီပြောသွားတဲ့ကိစ္စကို စိတ်ထဲမှာတနုံ့နုံ့နဲ့ အခဲမကြေနိုင်ဖြစ်နေရသည်...။ ကင်မ်ထယ်ယောင်းဟာ Heaven နဲ့ DNA အကြောင်းကိုသိသိရက်နဲ့ တမင် DNA မှာအလုပ်ဝင်တာလား...?? ဒါမှမဟုတ် DNA ကကောင်နဲ့ သူနဲ့ပတ်သတ်မှုက......
"တောက် !!"
Boss ရဲ့တက်ခေါက်သံကြောင့် အလုပ်ထဲစိတ်နှစ်နေရင်းမှ သူတစ်ချက်လန့်သွားရသည်...။ စားပွဲခုံပေါ်လက်ထောက်ရင်း မျက်မှောင်တွေကုတ်ချိုးထားတဲ့ Boss ရဲ့အသွင်ဟာ တစ်စုံတစ်ရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဟန်...။
"ကျွန်...ကျွန်တော်ဘာလုပ်မိလို့လဲ Boss"
"အလုပ်ကိုပဲဂရုစိုက်စမ်းပါ... စိတ်တိုနေရတဲ့ကြားထဲ မင်းကတစ်မျိုး !"
ဂျောင်ဟိုဆော့ မနေနိုင်မထိုင်နိုင် သွားမေးမိတဲ့ပါးစပ်ကိုသာ လက်နဲ့ခပ်နာနာလေး ရိုက်လိုက်ချင်သည်...။ အခုတော့ အနေမတတ်လို့အဆူပါခံရပြီ...။
"Hello ဂျောင်ကုရေ !"
လာပြီလာပြီ စိတ်ညစ်နေတဲ့အချိန်ဆို ငမြွေထိုးမက လာလာနှောင့်ပြန်ပြီ...။ အရင်ကတော့ မလာရင်ဖုန်းဆက်ပြီးတော့ကို ဂျောင်ကုဘက်ကနေ လှမ်းခေါ်တတ်ပေမယ့် အခုနောက်ပိုင်းသူမနဲ့ အနေဝေးသွားတော့ တစ်ခါတလေ သူမရဲ့အကြောင်းကိုပင် မေ့ချင်ချင်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Start from the beginning
