တစ်အိမ်ထဲအတူနေပြီး မသိရကောင်းလားဆိုတဲ့စကားမှာ တော်တော်လေးခံပြင်းဒေါသထွက်သွားရသည်...။ ဒါ့ကြောင့် ကင်မ်ထယ်ယောင်းက DNA ရဲ့ဆက်ခံသူနဲ့ ပတ်သတ်နေတာကိုး...။ လက်ထပ်ထားတာဖြင့် ၂လကျော်နေပြီ...။ ဒီကိစ္စကို ဂျောင်ကုအခုမှသိရတယ်...။
သူကလည်း ကိုယ့်ကိုအသိမပေးခဲ့သလို ဂျောင်ကုကလည်း သူဘာအလုပ်လုပ်သလဲမမေးခဲ့...။ ဒါပေမယ့် ကိုယ်လက်ထပ်ယူထားတဲ့သူရဲ့အကြောင်းကို ကိုယ့်ဘက်ကနေ သိသင့်တယ်မလား...။ ကိုယ်နဲ့ မတည့်တဲ့ကုမ္ပဏီမှာ သူကအဖိုးတန်လေးတဲ့လေ...။ ဒါက ဂျောင်ကုကို သပ်သပ်ကြောသွားတာနဲ့ မတူနေဘူးလား...။
"ကျွန်တော့်ယောကျ်ားလုပ်ပါတယ်လို့ ဘယ်မှာသက်သေတွေရှိလို့လဲအန်ကယ်လ်... သားနဲ့ကျွန်တော့်ကို အချိန်ပြည့်ဂရုစိုက်နေရတဲ့သူက ဒီလိုကိစ္စတွေကို ဘယ်အချိန်မှာသွားလုပ်မလဲ...!!! တစ်အိမ်ထဲနေတာနဲ့ပဲ တရားခံဖြစ်သွားရအောင် ကျွန်တော်က အဲ့လောက်ထိ တုံးအ,မနေဘူး"
"ဒါကတော့ မောင်ရင့်သဘောလေ... တစ်ခါတစ်လေဘယ်ဆက်ဆံရေးမျိုးမဆို နောက်ကျောဓားနဲ့ထိုးတာတွေလဲ ရှိတတ်ကြတာပဲ... စုံလုံးမကန်းမိစေနဲ့ပေါ့"
ရာရာစစ ခွေးပါးစပ်က နတ်စကားထွက်...။ သူကများနောက်ကျောဓားထိုးတယ်လို့ ပြောထွက်နိုင်သေး၏...။ သူကိုယ်တိုင်က ကုမ္ပဏီကို သစ္စာဖောက်နေပြီးတော့များ...။
"နောက်ကျောဓားထိုးတယ်... ဟုတ်လားအန်ကယ်...?? ကြည့်ရတာ အန်ကယ်ကကျွန်တော့်ထက် ဒီကိစ္စတွေပိုသိနေတော့ အန်ကယ့်ကို မချီးကျူးပဲမနေနိုင်တော့ဘူး... ကျွန်တော့်အတွင်းရေးမှူးတောင် အန်ကယ့်လောက်မသိဘူး"
"သူဌေးလေး စကားကိုကြည့်ပြောပါ... သူဌေးလေးစကားတွေက အန်ကယ့်သိက္ခာကို စော်ကားနေတာနဲ့အတူတူပဲ... ယုံတာမယုံတာ သူဌေးလေးအပိုင်း... အန်ကယ့်စေတနာကို မစော်ကားနဲ့"
စကားတွေက တဖြည်းဖြည်းနဲ့ အကျယ်အကျယ်တွေဖြစ်လာတော့ အားလုံးရဲ့အကြည့်တွေက ဂျောင်ကုဆီမှာပဲ ဦးတည်လို့နေ၏...။
"ထားပါတော့.... ကျွန်တော်က အဲ့သဘောမျိုးရောက်အောင် ပြောတာမဟုတ်ပါဘူး.... အခုလိုအသိပေးလို့ အန်ကယ့်ကိုလဲ ကျေးဇူးတင်ပါတယ်... ဖြစ်သမျှပြဿနာကို ကျွန်တော်ကိုယ်တိုင် သေချာစုံစမ်းပြီး ဖြေရှင်းပေးမှာပါ... တကယ်လို့များ ဒီကိစ္စက တစ်ယောက်ယောက်ရဲ့လက်ချက်သာ ဖြစ်လို့ကတော့ ဘယ်သူ့မျက်နှာမှ ကြည့်နေမှာမဟုတ်ဘူးလို့ တစ်ခါထဲအကုန်လုံးကို သတိပေးထားလိုက်မယ်... အစည်းအဝေးကို ဒီမှာတင်ရပ်မယ်!"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Start from the beginning
