အားလုံးရဲ့အသံဟာတိတ်နေပြီး ရှင်းလင်းတိကျစွာ ထွက်ပေါ်လာတဲ့ အသံတစ်ခုကြောင့် အသံလာရာကိုကြည့်မိတော့ ဖေဖေ့လက်ထက်ထဲက ကုမ္ပဏီမှာ share ဝင်ထားတဲ့ အန်ကယ်လီ...။ လူကြီးမို့လို့သာ ကောင်းကောင်းမွန်မွန်ဆက်ဆံနေရပေမယ့် တစ်စက်လေးမှအချိုးမပြေတဲ့သူ...။

ကုမ္ပဏီကနေ ရသလောက်ကိုခိုးထုတ်သည်...။ တစ်ဖက်ကို ငွေယူပြီးသတင်းပို့တာတွေလည်းရှိသည်...။ ဒါကို သိထားတာကြာပေမယ့် လက်ပူးလက်ကြပ်မမိသေးတော့ ရှင်းရခက်နေသည်။

"ဘာများလဲ အန်ကယ်... စိတ်ဝင်စားစရာကိစ္စဆိုတော့ ဆယ်ကျော်သက်လေးလို နည်းနည်းတောင် ရင်ခုန်မိသွားတယ်... ဒီကုမ္ပဏီမှာ ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေ တော်တော်များပါလားနော်... မြေကိစ္စလဲ နောက်ကျမှသိရ အခုနောက်ထပ်ကိစ္စတစ်ခုက ပေါ်လာပြန်ပြီ"

ဂျောင်ကုရဲ့စကားကြောင့် အန်ကယ်လီရဲ့မျက်နှာက ကွက်ခနဲပျက်သွားရသည်...။ ပြီးမှမျက်နှာကို ချက်ချင်းပြန်ပြင်လိုက်ပြီး အပြုံးတုတစ်ခုဖြင့် ဟန်ဆောင်ကာဖုံးကွယ်လိုက်ပေမယ့် ကောက်ကျစ်စဉ်းလဲတဲ့မျက်နှာဘေးကတော့ ပျောက်မသွားခဲ့...။

"ဒီကိစ္စက သူဌေးလေး Jeon နဲ့
တိုက်ရိုက်ပတ်သတ်တဲ့ကိစ္စပါ"

"ကျွန်တော်နဲ့ တိုက်ရိုက်ပတ်သတ်နေတယ် ဟုတ်လား... ဒါဆို အရမ်းစိတ်ဝင်စားဖို့ကောင်းနေပြီပေါ့"

"အန်ကယ်ပြောတာကို လက်မခံနိုင်တာတော့ မောင်ရင့်သဘောပဲ... အခုလက်ရှိဖြစ်နေတဲ့ကိစ္စတွေက ဒီကိစ္စနဲ့ ဆိုင်သလားမဆိုင်သလား အန်ကယ်မသိပေမယ့် သူဌေးလေး လက်ထပ်ယူထားတဲ့ ယောကျ်ားက DNA ရဲ့ လက်မလွှတ်နိုင်လောက်တဲ့ အဖိုးတန်ရတနာတစ်ခု ဖြစ်နေတယ်ဆိုတာကိုပဲ"

ဘာလဲ~~ဒီကိစ္စတွေနဲ့ ကင်မ်ထယ်ယောင်းက ဘာဆိုင်နေလို့လဲ...။ DNA က လက်မလွှတ်နိုင်လောက်အောင် တန်ဖိုးထားရတဲ့သူတဲ့...။

"အန်ကယ်ဘာကိုဆိုလိုတာလဲ... ဒီကိစ္စတွေနဲ့ ကျွန်တော့်ယောကျ်ားက ဘယ်လိုလုပ်ပြီး ပတ်သတ်နေရသလဲ... အဓိပ္ပါယ်မရှိတာတွေ~~"

"တစ်အိမ်ထဲအတူနေပြီး မသိတာတော့ မကောင်းသေးဘူးနော် သူဌေးလေး... သူဌေးလေးရဲ့ယောကျ်ားက DNA ရဲ့ Home design မှန်သမျှကို ဒိုင်ခံဆွဲပေးရတဲ့ အဖိုးတန်လေးလေ... Designer တွေပေါသောနေတဲ့ခေတ်ကြီးထဲမှာမှ သူ့တစ်ယောက်ထဲကိုပဲ ကုမ္ပဏီရဲ့ design ဆွဲပေးဖို့အပ်တာဆိုတော့ မထူးဆန်းနေဘူးလား... တိုက်တိုက်ဆိုင်ဆိုင် ကုမ္ပဏီက စရံပေးထားသမျှကို DNA က ဖြတ်လုသွားတယ်ဆိုတော့လေ"

~~STRING~~ (Completed)Where stories live. Discover now