ဂျွန့်ရဲ့စကားတစ်လုံးချင်းစီတိုင်းဟာ ထယ်ယောင်းရဲ့သိက္ခာတွေကို ဆွဲချသွားသလိုပဲ...။ အေးလေ ဘယ်တုန်းကရော ကိုယ့်ကိုတန်ဖိုးထားခဲ့ဖူးလို့လဲ...။ ထယ်ယောင်းကသာ တစ်ဖက်သတ် မျှော်လင့်နေခဲ့မိတာ...။ ကိုယ့်ကိုလက်မခံတာသိပေမယ့် ကိုယ့်ဘက်ကနေ တတ်နိုင်သလောက် ပေးဆပ်ချင်နေမိတာ...။ အခုဒီစကားကြောင့် ထယ်ယောင်းတော်တော်လေးခံပြင်းတယ်...။ ဒါဟာ ဂျွန်မြင်ရတဲ့ ထယ်ယောင်းရဲ့ သိက္ခာတရားတွေပေါ့လေ...။
"ပြောချင်ဦး...ပြောချင်ဦး !!"
*ဘုန်း~~ဘုန်း !!*
ရင်ဘတ်ကိုထုရိုက်လာတဲ့လက်တွေကြောင့် အတင်းဖမ်းချုပ်ကာ မျက်နှာချင်းဆိုင်လိုက်တဲ့အခါ ဂျောင်ကုမမြင်ဖူးတဲ့ သူ့မျက်နှာထက်မှာ မဲ့ပြုံးလေးက ချိတ်ဆွဲလျှက်...။
"ဂျွန့်ကြောင့်... ဂျွန့်ကြောင့်ကိုယ့်မှာ သိက္ခာတွေတောင် မရှိတော့ဘူးသိရဲ့လား... ဘယ်အချိန်ထိ ကိုယ့်ကိုစော်ကားနေမှာလဲ...?? ဂျွန့်ကိုမုန်းပစ်ချင်လာပြီ... မုန်းပစ်ချင်လာပြီ~~အင့်~~ဟင့် !"
ပြောရင်းမှ ငိုနေတဲ့သူရဲ့မျက်နှာကို ဆက်မကြည့်ချင်တော့ဘူး...။ ဒီမှာကြာကြာနေရင် ဂျောင်ကုတစ်ခုခုလုပ်မိတော့မယ်...။
"တောက်~~ဟာကွာ !!"
တက်တစ်ချက်ခေါက်ကာ လူကိုဆောင့်တွန်းရင်း အပြင်ပြန်ထွက်သွားတဲ့သူကြောင့် အရုပ်ကြိုးပျက် ဆိုဖာပေါ်ပစ်လဲလေသည်...။ သိပ်မကြာခင်လေးမှာပဲ ကားစက်နှိုးကာ ဝေါခနဲဆောင့်မောင်းသွားတဲ့သူကြောင့် ထယ်ယောင်းမှာ တစ်ပူထပ်တိုးရသည်...။
ထယ်ယောင်းဟာ ဂျွန်ဘာလုပ်လုပ် အပြစ်မမြင်ပါဘူး...။ ကိုယ့်ကိုနားမလည်သေးလို့ ဖြစ်ခဲ့တဲ့ကိစ္စလို့ပဲ ထယ်ယောင်းမြင်တယ်...။ ဒါပေမယ့် ထယ်ယောင်းနားလည်ခဲ့တဲ့ အရာတစ်ခုကတော့ ကိုယ့်ကိုယ်ကိုထက် ဂျွန့်ကို ပိုချစ်မိနေတာပဲဖြစ်တယ်...။
.................................To Be Continued
(Zawgyi)
Heaven Construction group meeting room
"ဘာပြောတယ် !! ဖြောင်းချန်းဒုံကနေ ဝယ်ဖို့စရံပေးထားတဲ့မြေတွေကို DNA က ဖြတ်လုသွားတယ် ဟုတ်လား !!"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Start from the beginning
