"ဂျွန် !!"
ဒါလူကို သပ်သပ်စော်ကားနေတာ...။ တစ်ခါနှစ်ခါမကတော့ဘူး...။ ဂျွန်ပြောသမျှကို ထယ်ယောင်းအမြဲတမ်းသည်းခံခဲ့တယ်...။ ဒါပေမယ့် ဂျွန်က ထယ်ယောင်းကိုဆို ဘယ်တော့မှနားမလည်ပေးတဲ့အပြင် အပြစ်တင်ဖို့ပဲသိတယ်...။ ခဏခဏခံရပါများလာတဲ့အခါ ဆက်ပြီးမစောင့်ထိန်းနိုင်တော့ဘူး...။
"ကိုယ်က ဂျွန်ပြောတာကိုနာခံရအောင် ကိုယ့်မိဘလဲမဟုတ်ဘူး... ပြီးတော့ဒီအလုပ်က သားမမွေးခင်ထဲက ကိုယ်လုပ်လာခဲ့တဲ့အလုပ်... အမြဲငွေငွေနဲ့ ငွေစကားမပါရင် မပြီးတတ်ဘူးလား...?? ကိုယ့်မိဘတွေရဲ့အမှားကို ဘဝနဲ့ရင်းပြီးဆပ်ခဲ့တာတောင် ဂျွန်က မကျေနပ်နိုင်သေးဘူးလား...!! ကိုယ့်သိက္ခာကို ဘယ်ထိရောက်အောင် ဆွဲချချင်နေတာလဲ... ဂျွန်သိရဲ့လား... ဂျွန့်ရှေ့ရောက်တိုင်း ကိုယ်အမြဲသိမ်ငယ်ခဲ့ရတယ်... အပြစ်ရှိတယ်လို့လဲ အမြဲခံစားပြီးနေခဲ့ရတယ်... ဒါကိုမှထပ်ပြီး ဂျွန်က ကိုယ့်ကိုထပ်စော်ကားနေတာ... ကိုယ့်ကိုသနားပါဦး"
ဒေါသရှေ့တန်းတင်ရင် မှားမှန်းသိပေမယ့် အခုချိန် ဂျောင်ကုရဲ့ဒေါသမီးက တဟုန်းဟုန်း...။ ကိုယ့်ရှေ့ငိုနေပေမယ့် ခုချိန်ချော့ဖို့လဲစိတ်ကူးမရှိ...။ ရင်ဘတ်ထဲမှ အစိုင်အခဲက အခုထိမကျေသေး...။
"DNA က ဘာတွေများမက်လုံးတွေပေးထားလို့ အလုပ်မထွက်နိုင်တဲ့အထိဖြစ်နေရတာလဲ...!! ခင်ဗျားသိအောင် ပြောထားလိုက်ဦးမယ်... ကျုပ်တို့ကုမ္ပဏီနဲ့ DNA နဲ့ကပြိုင်ဘက်တွေ... အခုခင်ဗျားတို့ဘက်ကနေ ကျုပ်တို့ဝယ်ထားသမျှကို ညစ်ပတ်တဲ့နည်းတွေသုံးပြီး ဖြတ်ခုတ်သွားတာ"
"ဟင်... ကိုယ်တကယ်မသိဘူး... ဂျွန်တို့ကုမ္ပဏီနာမည်တောင် ကိုယ်သိခဲ့တာမဟုတ်ဘူး"
DNA နဲ့လက်တွဲပြီးလုပ်တာမှန်ပေမယ့် ဒီကိစ္စတွေကို ထယ်ယောင်းတကယ်မသိခဲ့ပါဘူး...။ ထယ်ယောင်းရဲ့အလုပ်က သူတို့အပ်သမျှ design တွေကို အချိန်မီဆွဲပေးနိုင်ဖို့က အဓိကပဲလေ...။
"ဘယ်သိမှာလဲ... ခင်ဗျားကကျုပ်ကို အပိုင်ရထားပြီးပြီဆိုမှတော့ ပိုင်ဆိုင်မှုတွေကို သိစရာဘယ်လိုတော့မလဲ... အချိန်တန်ရင် ကိုယ်ပိုင်မယ့်အရာတွေဆိုပေမယ့် Jeon group ရဲ့လွှမ်းမိုးမှုကို သိထားတာပိုကောင်းတာပေါ့... ဒါမှ ဘာတွေယူသွားရမလဲဆိုတာ တစ်ခါတည်းတွက်ထားလို့ရတာပေါ့... မဟုတ်ဘူးလား...!!!"
ESTÁS LEYENDO
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 19
Comenzar desde el principio
