အတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းသေးသေးလေးကို ပါးစပ်နဲ့ငုံကာစုပ်နမ်းတဲ့အခါ ခေါင်းကိုအတင်းခါရမ်းတော့သည်...။ ဂျောင်ကုကလည်း လွှတ်ပေးဖို့အစီအစဉ်မရှိဘူး...။ ကိုယ့်နာမည်မခေါ်မချင်းကို နမ်းပစ်ဦးမှာ...။

"ဟင့်~~ဂျွန်လို့ !"

"ပြော !!"

"ဂျွန့်ကို မချစ်ချင်တော့ဘူးသိရဲ့လား... အမြဲတမ်း လူကိုအနိုင်ကျင့်တယ်... အသားနာအောင်လည်း ခဏခဏလုပ်တယ်"

ဘာလဲ~~မချစ်ချင်တော့ဘူးဆိုတော့ သူကကိုယ့်ကို ချစ်နေတဲ့သဘောလား...။ ဂျောင်ကုရင်ထဲ ထိတ်ကနဲဖြစ်သွားရသည်...။ သူ့မျက်နှာလေးကို ငေးခနဲကြည့်မိတဲ့အခါ မျက်လုံးတွေကိုဖိပွတ်ရင်း ငိုနေတာမရပ်တော့...။

"ဘယ်သူက ချစ်ခိုင်းနေလို့လဲ...!!"

"ဟင်!"

ပြောပြီးမှ စကားမှားသွားမှန်း ထယ်ယောင်းသိလိုက်ရသည်...။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သေသာသေလိုက်ချင်တော့သည်...။

"ဂျွန့်ကို မုန်းပစ်ချင်လာပြီ... လူကြီးကို လူကြီးမှန်းမသိဘူး... ကိုယ်က ဂျွန်မွေးထားတဲ့ သားလေးလဲမဟုတ်ဘူး... ဂျွန့်ထက်၄နှစ်တောင်ကြီးတဲ့သူ... ဒါပေမယ့်ကိုယ့်ကိုဆို အမြဲနိုင့်ထက်စီးနင်းပြုမူနေတာ"

သူ့ကိုယ်သူ လူကြီးလုပ်ချင်နေတာလည်း သူ့အပြင်မရှိ...။ အခုပြောနေတဲ့ပုံစံကတောင် ကလေးတစ်ယောက်ထက် ပိုဆိုးနေတာ သူသိတောင်သိရဲ့လားပဲ...။

"ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်ရင် ကလေးလို ငိုမနေနဲ့လေ... ဘာလို့ခဏခဏငိုလဲ... ခင်ဗျားကိုရိုသေနေရအောင် ကျုပ်က ယဉ်ကျေးလိမ္မာကျောင်းဆင်းလဲမဟုတ်"

"ခဏခဏငိုအောင်လုပ်နေတာဘယ်သူလဲ
ဂျွန်စကားကို အဲ့လိုကပ်ပြီးမပြောနဲ့"

"ကပ်ပြီးမပြောလို့ ခွာပြီးပြောရမှာလား"

"ဂျွန်...!!"

ဆွဲညှစ်ထားတဲ့ပါးလေးကို အသာလေးလွှတ်ပေးရင်း နှုတ်ခမ်းသေးသေးလေးကို လက်ချောင်းတွေနဲ့ထိတွေ့ကာ ဖွဖွလေးပွတ်ဆွဲနေရင်းမှ ဂျောင်ကု လေသံကိုအနည်းငယ် ပျော့ပြောင်းလိုက်သည်...။

~~STRING~~ (Completed)Where stories live. Discover now