"ဒီမှာ~~ဝတ်ချင်ရင်ကျုပ်ဆီကနေ ခွင့်ပြုချက်တောင်းလေ... ကိုယ့်စိတ်ကြိုက်ယူဝတ်ရအောင် ခင်ဗျားကိုဘယ်သူက လုပ်ပိုင်ခွင့်ပေးထားလို့လဲ"

"ကိုယ့်ယောကျ်ားအင်္ကျီကို ကိုယ်ယူဝတ်တာ ခွင့်ပြုချက်တွေ တောင်းနေရဦးမှာလား...?? ကိုယ်တို့က အခုသူစိမ်းတွေမှ မဟုတ်တော့တာ... တစ်ယောက်ကိုတစ်ယောက် ပိုင်နေပြီပဲဟာ~~"

နောက်ဆုံးအသံလေးမှာ တိုးဝင်သွားပြီး ရဲတက်သွားတဲ့မျက်နှာလေးကို သေချာလေးစိုက်ကြည့်နေမိသည်...။ သူစိမ်းတွေမဟုတ်တော့ဘူး တစ်ယောက်ကိုတစ်ယောက်ပိုင်တယ်တဲ့...။ တစ်ညတာလေး အိပ်လိုက်မိတာနဲ့ အဲ့ဒီအဆင့်ထိဖြစ်သွားရောလား...။

"မကြိုက်ရင် ဒီအင်္ကျီနဲ့ပုံစံတူ ကိုယ်ပြန်ဝယ်ပေးမှာပါ... အဲ့လောက်ထိ အဖြစ်သည်းပြစရာမလိုဘူး !!"

"ဟေ့~~စကားကိုကြည့်ပြော!! ဒီအင်္ကျီတစ်ထည်လောက်ကို ကျုပ်ကမက်မောနေစရာလား... အဖြစ်သည်းပြစရာလဲ ဘာအကြောင်းမှမရှိဘူး... ခွင့်ပြုချက်မတောင်းလို့ပြောနေတာ... ကျုပ်ယောကျ်ားဖြစ်တိုင်း အဲ့လိုလုပ်ရမယ်လို့ ဘယ်သူကပြောထားလို့လဲ"

မျက်နှာကို လက်မနဲ့လက်ညှိုးသုံးကာ ဖျစ်ညှစ်ထားတာကြောင့် နှုတ်ခမ်းလေးက စုကာချွန်ထွက်လို့နေသည်...။ အရင်ကဆို စကားပြောတိုင်း 'ဂျွန်'ဆိုတဲ့နာမည်က မပါမဖြစ်...။ အခုတော့ တစ်လုံးမှထွက်မလာ...။ အဲ့ဒါကို နည်းနည်းလေးမှ သဘောကျမနေဘူး...။

အခုလည်း ကိုယ်ကသာပြောနေတာ သူကတော့ ကိုယ့်စကားကို တစ်ချက်မတုံ့ပြန်တဲ့အပြင် ငိုလို့ချည်းသာနေတော့တာကြောင့် အားထည့်ကာဖျစ်ညှစ်ပစ်လိုက်တော့မှ အသံသေးသေးလေး ထွက်လာတော့သည်...။

"နာတယ်လို့ပြောနေတယ်လေ !!"

လက်ကိုဖိချုပ်ထားတာကြောင့် ထုရိုက်မရတော့ မျက်နှာလေးမဲ့ကာ အော်ဟစ်နေပြန်တယ်...။

"ဂျွန်လို့ခေါ် !"

"မခေါ်ဘူး !!"

ကြည့်~~ဘယ်ကနေသတ္တိတွေရလာပြီး လူကိုတစ်ခွန်းမကျန် နှုတ်လှန်ထိုးနေရသလဲမသိ...။

"အေး~~မခေါ်ရင် ခေါ်လာတဲ့အထိ ရအောင်လုပ်မှာ"

"အွတ်~~အွန်း !"

~~STRING~~ (Completed)Where stories live. Discover now