"အာ့ !!"

အခုအခြေအနေက ထယ်ယောင်းဟာ ဂျွန့်ရဲ့ပေါင်ပေါ်မှာ ဘေးတစ်စောင်းထိုင်လျှက်သားလေး...။ ခါးကိုသိုင်းဖက်ထားတဲ့လက်တွေကြောင့် ဘယ်လိုမှရုန်းထွက်လို့မရ...။ ဆောင့်ဆွဲလိုက်တဲ့အရှိန်ကြောင့် ပြုတ်ကျတဲ့အခါ အောက်ပိုင်းမှာ စူးကနဲအောင့်တက်သွားပြီး မျက်ရည်တွေပါ ဝဲတက်လာတဲ့အထိပဲ...။

"ဘာလို့အတင်းအကြပ်လုပ်နေတာလဲ...!!! ကိုယ်နာတယ် သိရဲ့လား... ကိုယ့်ကိုသနားပါဦး!!"

ပါးစပ်ကလည်း တတွတ်တွတ်ပြောနေသည့်အပြင် ကျနေတဲ့မျက်ရည်တွေကို အပြင်သို့ပိုကာထွက်နေတဲ့အင်္ကျီရဲ့လက်နဲ့ ဖိသုတ်နေတာကြောင့် ပိုပြီးစိတ်တိုမိသည်...။ ဂျောင်ကုက ကိုယ်ဝတ်တဲ့အဝတ်အစားတွေကို သူစိမ်းယူဝတ်တာမျိုး လုံးဝမကြိုက်ဘူး...။ အခုသူက ယူဝတ်တဲ့အပြင် မျက်ရည်တွေပါသုတ်လိုက်သေး၏။ ဘယ်လောက်သည်းမခံချင်စရာ ကောင်းလိုက်သလဲ...။

"ဘာကိစ္စကျုပ်အင်္ကျီကို ခွင့်ပြုချက်မရပဲ ယူဝတ်တာလဲ...!!!"

မေးဖျားကနေ ဆတ်ကနဲပင့်မော့ကာ အကြည့်ချင်းဆုံပြီး စကားပြောချင်ပေမယ့် သူကတော့ကိုယ့်မျက်နှာကို တစ်စက်ကလေးပင်မကြည့်...။ တစ်ဖက်သို့ အကြည့်တွေလွှဲထားရင်းမှ ခပ်တိုးတိုးလေး ပြန်ဖြေလာရဲ့...။

"အင်္ကျီပြဲသွားလို့ ဝတ်စရာမရှိတာနဲ့"

"ဟိုဘက်ဘီရိုထဲမှာ ခင်ဗျားအင်္ကျီတွေရှိတယ်လေ... ယူဝတ်ပေါ့... ဘာကိစ္စကျုပ်အင်္ကျီကိုလာဝတ်လဲ"

‌ဂျောင်ကုပြောလိုက်တဲ့စကားကြောင့် ချက်ချင်းသူ့မျက်နှာက ကိုယ့်ဘက်လှည့်လာကာ ရန်ပြန်တွေ့တော့သည်...။

"အဲ့ဒီ့ဘက်ထိ ကိုယ်မသွားနိုင်ဘူး... လမ်းလျှောက်လိုက်တိုင်းအရမ်းနာတယ်... ဒီအထိရောက်ဖို့ မနည်းအားယူခဲ့ရတာ သူမှမသိပဲ... ကိုယ့်ကို အင်္ကျီလေးတစ်ထည်တောင် မသထာဘူးလား...!!! အင်္ကျီယူဝတ်ဖို့အထိ ကိုယ်က မတန်ဘူးလားပြော!!!"

မျက်နှာလေးမဲ့ကျသွားကာ မျက်ရည်တွေကျလျှက် ရင်ဘတ်ကိုလာပြီးထုရိုက်နေတဲ့ လက်တွေကြောင့် အတင်းဖမ်းချုပ်ထားလိုက်သည်...။

~~STRING~~ (Completed)Where stories live. Discover now