ဒီလိုပုံစံအနေအထားကြီးနဲ့ အခန်းကိုမပြန်ချင်...။ အိမ်မှာဘယ်သူမှမရှိပေမယ့် ထယ်ယောင်းရှက်သည်...။ လမ်းလျောက်လိုက်တိုင်း အောက်ပိုင်းကအောင့်ကာ ခါးရိုးတစ်လျောက် ကျင်တက်သွားပေမယ့် အားယူကာ ဘီရိုနားသို့လျှောက်လာခဲ့လိုက်သည်...။
"ကျွီ !!"
ဘီရိုတံခါးအား ဆွဲဖွင့်သံကြားတာကြောင့် ဂျောင်ကုမျက်လုံးတို့အား မှေးစင်းကာ အသာလေးခိုးကြည့်မိတော့ အဝတ်မဲ့နေတဲ့ အနေအထားဖြင့်ကျောခိုင်းကာ ဘီရိုထဲကနေ အဝတ်အစားတွေရှာနေသောသူ...။ ဖြူဖွေးနေတဲ့ အသားစိုင်အိအိကလေးနှစ်ခုဟာ အမြင်အာရုံထဲရှင်းလင်းစွာ ပေါ်လာတာကြောင့် တံတွေးပင်တစ်ချက် မြိုချမိသွားသည်...။ ညက ဂျောင်ကုလက်ချက်ကြောင့် မက်မွန်သီးလေးပမာ ပန်းနုရောင်ဘက်သို့ပြောင်းလျှက်...။
ဘီရိုထဲမှာ အဝတ်အစားတွေအများကြီး ရှိနေပါလျှက် ဂျောင်ကုဝတ်နေကျ ရှပ်အင်္ကျီအဖြူကို ထုတ်ယူဝတ်ထာကြောင့် မျက်မှောင်ကျုံ့မိသွားရသည်...။
ချက်ချင်းကုန်းထကာ ခါးထက်တာဝါစကို သိုင်းပတ်လျှက် သူ့နောက်မှာလက်ပိုက်ကာ ရပ်နေလိုက်သည်...။ ဒါကိုလည်းသူမသိ...။
ကြယ်သီးကို ဆုံးအောင်တပ်ပြီးနောက်မှာတော့ ထယ်ယောင်းသူ့ကိုယ်သူ လုံခြုံသွားတယ်လို့ခံစားရသည်...။ ဂျွန့်အင်္ကျီတွေက ထယ်ယောင်းနဲ့ဆို size ကြီးတာကြောင့် ဘောင်းဘီခံဝတ်စရာမလို...။ ပေါင်တစ်ဝက်လောက်ထိ ဖုံးသွားတာကြောင့် အခုမှပိုပြီး နေရအဆင်ပြေသွားတော့သည်...။
"အမေ့ !!"
အနောက်သို့လှည့်တဲ့အချိန်မှာပဲ ရုတ်တရက်မြင်လိုက်ရတဲ့ မျက်နှာတစ်ခုကြောင့် လန့်ကာအော်မိသွားတော့သည်...။ ခါးတွင်တာဝါတစ်ခုသာ သိုင်းပတ်ထားပြီး အပေါ်ပိုင်းအဝတ်မဲ့နေတဲ့ ဂျွန်ဟာ လက်ပိုက်လျှက်သားနဲ့ ထယ်ယောင်းကိုစိုက်ကြည့်နေတာကြောင့် ပိုပြီးလန့်လာသည်...။ ဂျွန့်ကြောင့် ထပ်ပြီးမနာကျင်ချင်တော့ပါ...။ ဒီကနေအမြန်ဆုံးထွက်သွားတာက ပိုကောင်းပါလိမ့်မည်...။
"ဒါက ဘယ်ကိုလဲ !!"
ရှေ့ကနေထွက်သွားဖို့ပြင်လိုက်ပေမယ့် လက်ကိုဆောင့်ဆွဲလိုက်တဲ့သူကြောင့် ဟန်ချက်ပျက်ကာ နှစ်ယောက်သားကုတင်ပေါ်သို့ ဖင်ထိုင်ရက်လေး ပစ်လဲလေ၏။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 18
Start from the beginning
