နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့မို့ ဆက်မအိပ်ဖြစ်တော့ပဲ နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်၅နာရီထိုး...။ သားကတော့ ကုတင်ထက်ပက်လက်လေး အိပ်လို့ကောင်းတုန်း...။ စောင်လေးကို ကန်ထုတ်ထားတာကြောင့် အသာလေးခြုံပေးရင်းမှ သားအခန်းထဲက ထွက်လာခဲ့လိုက်သည်...။
ဂျောင်ကုအခန်းထဲပြန်ရောက်တော့ ထယ်ယောင်းကအိပ်ပျော်နေဆဲ...။ တစ်ဖက်သို့စောင်းအိပ်နေတာကြောင့် ခြုံထားပေးတဲ့စောင်က လျောကျကာ ပခုံးသားဝင်းဝင်းလေးတွေကို အတိုင်းသားမြင်နေရသည်...။
ကိုယ်ပေါ်မှာရှိနေတဲ့ အဝတ်အစားတွေကိုချွတ်ချပြီး ကုတင်ပေါ်တက်ကာ သူ့နားကပ်ရင်းလှဲချလိုက်ပေမယ့် တစ်ချက်လေးမှမနိုး...။ အဝတ်အစားတွေချွတ်ရတဲ့ အကြောင်းအရင်းက သားဆီသွားတာ ပေးမသိချင်လို့...။ ပြီးရင်ကိုယ်ကသူ့ကို သန့်ရှင်းရေးလုပ်ထားပေးတာကိုလည်း ပေးမသိစေချင်ဘူး...။
"အင်း~~ကျွတ်~~ကျွတ် !!"
ညည်းသံလေးထွက်လာပြီး လှုပ်စိလှုပ်စိဖြစ်လာတဲ့သူကြောင့် ဂျောင်ကုရဲ့မျက်လုံးတွေကိုဖိပိတ်ရင်း အိပ်ချင်ယောင်ဆောင်နေလိုက်သည်...။
ထယ်ယောင်းရဲ့မျက်လုံးတွေက ငိုထားတဲ့ဒဏ်ကြောင့် ကျိန်းစပ်လို့နေသည်...။ အိပ်ယာပေါ်ကနေ ချက်ချင်းမထသေးပဲ တစ်ဖက်ကိုစောင်းကြည့်တော့ ဂျွန်က အိပ်ပျော်လို့နေသည်...။
ခြုံထားတဲ့စောင်ကို အသာလေးဖယ်ထုတ်ကာ ကြမ်းခင်းပေါ်ခြေအချ ခါးရိုးတစ်လျောက် စိမ့်ကနဲအောင့်မျက်သွားတာကြောင့် အသံထွက်ကာ ထုတ်ညည်းမိတော့သည်...။
"အာ့ ~~နာလိုက်တာ !"
မွှေးပွကော်ဇောပေါ်မှာ ပြုတ်ကျနေတဲ့ အဝတ်အစားတစ်ချို့ကို လိုက်ကောက်ရသည်...။ အင်္ကျီဝတ်ဖို့ပြင်လိုက်ပေမယ့် ကြယ်သီးတွေတစ်လုံးမှမရှိတဲ့အပြင် ပြဲထွက်နေတာကြောင့် ဝတ်လို့ကမရ...။ ဘောင်းဘီကိုတော့ရှာမတွေ့...။ ဂျွန်ညက ဘယ်နားကိုလွှင့်ပစ်လိုက်မှန်းမသိ အစပင်မတွေ့...။
အဝတ်မဲ့အနေအထားဖြင့် မတ်တပ်ရပ်နေရတော့ နောက်ကျောဘက်ကသိပ်မလုံ...။ အနောက်ကို ပြန်လှည့်ကြည့်မိတော့ ထယ်ယောင်းရှက်သွားရသည်...။ ဂျွန်က အိပ်ပျော်နေဆဲဖြစ်၏။ သို့ပေမယ့် အိပ်ယာခင်းပေါ် ပေကျံနေတဲ့ အမှတ်သားတချို့နဲ့ ညစ်ထေးထေးအကွက်တချို့ကို ဆက်မကြည့်ချင်တော့ပါ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 18
Start from the beginning
