"မံမံ ဘယ်ကဆာတာလဲ... ပါပါးကိုပြပါဦး...!!!"

"ပူပူ !!"

အင်္ကျီလိပ်တက်နေတာကြောင့် ဗိုက်ကလေးက အပြင်သို့ပူထွက်နေ၏...။ အဲ့ဒါကို ဗိုက်ကိုလက်ညှိုးထိုးပြီးပူပူတဲ့...။ သူ့အဖေသင်ထားပေးတာပဲ ဖြစ်ရမည်...။

"ပါပါးကို အာဘွားပေးဦး"

ပါးကိုထိုးပေးတော့ သားကမျက်မှောင်လေးတစ်ချက် ကျုံ့သွားလေသည်...။ ပြီးမှနှုတ်ခမ်းလေးထော်ထုတ်ကာ တဖွဖွနဲ့အာဘွားတွေပေးတော့သည်...။ ဂျောင်ကုမျက်နှာပေါ်မှာ သွားရေတွေပေကျံကုန်ပေမယ့် ဒါကိုပဲသဘောကျနေခဲ့မိသည်...။

"ပါပါးနဲ့ မံမံသွားစားမယ်ကွ"

သားကိုချီထုတ်ကာ အောက်ထပ်သို့ဆင်းပြီး kitchen က ခုံပေါ်အသာလေး တင်ထားပေးလိုက်သည်...။ ရေနွေးကိုပူရုံလောက်လေးတည်ပြီး ကလေးအာဟာရ ဖြည့်စွက်စာလေးပဲဖျော်ပြီး တိုက်လိုက်တော့မယ်...။ သူ့အဖေလို တကူးတကအသေးစိတ်မှ ဂျောင်ကုက မလုပ်တတ်ပဲ...။

"ကောင်းလားသား !"

ရေနွေးထည့်တာများသွားတော့ အာဟာရမှုန့်က နည်းနည်းလေး ကျဲချင်သလိုဖြစ်သွားသည်...။ သားကတော့ ဗိုက်ဆာနေတာကြောင့် ကျွေးသမျှအလုတ်တိုင်း ပါးစပ်လေးတပြင်ပြင်နဲ့...။ ထိုးထည့်သမျှအကုန်ပြောင်ပဲ...။ ကျန်တာလေးကို ရေနွေးလေးစပ်ကာကျွေးတော့ သားက အငမ်းမရစားရှာသည်...။ ဒါ့ကြောင့်ကလေးက အဝလွန်နေတာလည်းမပြောနဲ့...။ ဘယ်လောက်တောင် သားကိုအလိုလိုက်ထားလဲမှမသိတာ...။

"ပါး~~ချီ !"

ပန်းကန်ဆေးပြီး လက်သုတ်နေတုန်း လက်တွေဆန့်ထုတ်ကာ အတင်းကိုချီခိုင်းနေတာကြောင့် ဆွဲပွေ့ချီရင်း ဧည့်ခန်းဘက်မှာလမ်းလျောက်လျှက် ချော့သိပ်ရသည်...။ ဖင်လုံးလုံးလေးကိုပုတ်သိပ်ပြီး သိပ်မကြာခင်မှာပဲ အသက်ရှူသံသေးသေးလေးတွေ ထွက်လာတာကြောင့် သားအိပ်ပျော်မှန်းသိမှ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်...။

အခန်းမီးကိုမှိတ်ကာ ညမီးလေးသာထွန်းထားလိုက်သည်...။ သားကိုစောင့်အိပ်ပြီး မိုးလင်းခါနီးလောက်မှ တစ်ဖက်အခန်းသို့ ထပြန်တော့မည်...။

~~STRING~~ (Completed)Where stories live. Discover now