သန့်ရှင်းရေးလုပ်ပေးပြီးတဲ့အထိ တစ်ချက်ကလေးမနိုး...။ ထို့နောက် စောင်လေးအား ရင်ညွန့်ထိရောက်အောင် လွှမ်းခြုံပေးလိုက်၏...။ အင်္ကျီတော့မလဲပေးတော့ပါ...။ ဒီအတိုင်းထားတာပဲကောင်းတယ်...။ မဟုတ်ရင် မေးခွန်းတွေမေးပြီး အရစ်ကရှည်ဦးမှာ...။
ထို့နောက် ကုတင်ပေါ်မှဆင်းကာ ပေါ့ပေါ့ပါးပါးဖြစ်မယ့်အင်္ကျီကို ကောက်လဲလိုက်သည်...။ ဖြစ်နိုင်ရင် တာဝါပတ်ပြီးသွားလိုက်ချင်ပေမယ့် ကလေးရှေ့မသင့်တော်လို့သာ...။
တစ်ဖက်အခန်းလေးထဲ တံခါးကိုအသာလေးတွန်းဖွင့်ကာ ဝင်သွားလိုက်တော့ သားက သူ့ကုတင်လေးပေါ်မှာ ငုတ်တုတ်လေးကျောပေးထိုင်လျှက် အရုပ်လေးနဲ့ဆော့နေရှာသည်...။ အနောက်ကနေဆွဲပွေ့ချီလိုက်တော့ အရုပ်လေးကိုင်လျှက် အော်ငိုလိုက်တာမှ...။ ရုတ်တရတ်မို့ လန့်သွားလို့ထင်၏...။
"ပါပါးလေ သားရဲ့... ပါပါး"
ပါပါးလို့ပြောလိုက်တော့ ဂျောင်ကုမျက်နှာကို သေချာကြည့်ပြီး မျက်မှောင်ကြီးကျုံ့ကာ ထပ်ငိုပြန်သည်...။
"ပါး~~အင့်~~အင့်~~ဝါး !!"
"မငိုနဲ့...မငိုနဲ့... ပါပါးက ကလေးလေးကို ပစ်ထားမိလို့လား... ဟုတ်လား~~သား"
"ဟင့်~~ဖေ့ !!"
သူ့အဖေကိုတပြီး သတိရလို့ထပ်ငိုပြန်သည်...။ ပြဲလန်နေအောင်အော်ငိုတဲ့အခါ ပါးဖောင်းဖောင်းလေးနှစ်ဖက်ပင် နီရဲတက်လို့သွားရလေသည်...။
"ဖေဖေက အိပ်သွားပြီ... ပါပါး ရှိတယ်လေ
သားဘာဖြစ်လို့လဲ... မံမံဆာလို့လား...??"
ပခုံးလေးပေါ်မေးတင်ကာ ဂျောင်ကုရဲ့လည်ပင်းကို သိုင်းဖက်ထားတာကြောင့် သားပေါက်စရဲ့မျက်နှာကို မမြင်ရ...။ အငိုရပ်သွားပေမယ့် ရှိုက်သံလေးတွေကတော့ အခုထိမပျောက်သေး...။
"အင့်~~မံမံ~~ချားမယ် !"
"မံမံဆာလို့လား~~ဟုတ်လား"
"မံမံ~~မံမံ !"
ထိုအခါမှ ခေါင်းလေးစောင်းလာကာ ဂျောင်ကုမျက်နှာကိုကြည့်လျှက် ပါးစပ်လေးတပြင်ပြင်နဲ့လုပ်နေ၏...။ ပါးဖောင်းဖောင်းကြီးနှစ်ဖက်ပေါ်မှာတော့ မျက်ရည်တွေကမခြောက်သေး...။ မျက်ခုံးနှင့် နှုတ်ခမ်းတွေကတော့ သူ့အဖေကင်မ်ထယ်ယောင်းနှင့် တော်တော်လေးတူသည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 18
Start from the beginning
