ဒါကိုသူသိမယ့်ပုံမပေါ် ...။ အနည်းငယ် စချင်စိတ်ဖြစ်လာတာကြောင့် ထိုအမှတ်ကလေးပေါ် လက်လေးတင်ကာ ပွတ်သတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်လေး တစ်ချက်တုန်တက်လို့သွားလေသည်...။
မျက်လုံးတွေဖွင့်ကာ ဂျောင်ကုကို ငေးကြည့်နေပေမယ့် အဆင့်တက်ကာ အပေါ်သို့ပွတ်ဆွဲသွားရင်း ထပ်မေးလိုက်သည်...။
"ဒီနေရာလေးကော"
"အာ့~~နာတယ် မလုပ်ပါနဲ့ !"
အင်္ကျီအောက်လက်လျှိုဝင်ကာ ဂွမ်းစိုင်လေးလိုနုအိနေတဲ့ အသားစိုင်အိအိလေးတစ်ဖက်အား ဆုပ်ကိုင်ကာဖျစ်ညှစ်လိုက်တော့ ငိုသံလေးက ထွက်လို့လာသည်...။
"အရမ်းနာသွားလား...??"
နားနားကပ်ကာမေးတော့ ခေါင်းလေးပြန်ညိတ်ပြသည်...။
"ခင်ဗျားက အရမ်းလှနေတော့ ညက စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်... ဆောရီး"
"အဲ့လိုမပြောနဲ့ !"
"အဲ့လိုမပြောလို့ ဘယ်လိုပြောရမလဲ... လှလို့လှတဲ့အကြောင်းပြောတာလေ... တကယ်ပြောတာ... မမြင်နိုင်တဲ့နေရာတွေအထိ အရမ်းလှတာပဲသိလား... ရင်ဘတ်လေးတွေလဲလှတယ်... ပြီးတော့~"
"ကိုယ်~~ကိုယ်ရှက်လာပြီ မပြောနဲ့တော့"
အတင်းရင်ခွင်ထဲတိုးဝင်နေတာကြောင့် မေးဖျားလေးကနေဆွဲမော့ကာ မျက်နှာအနှံ့လိုက်နမ်းတဲ့အခါ အရင်လိုမရုန်းတော့ပဲ မျက်လုံးလေးတွေ မှိတ်ထားပုံက လက်ခံသည့်သဘော...။
"ခဏခဏနမ်းချင်အောင်မလုပ်နဲ့"
"လွှတ်ပေးတော့ !"
"ဘာလို့လဲ"
"သားကိုပစ်ထားတာတစ်ညလုံးပဲ...
ညနေထဲက ထမင်းမကျွေးရသေးဘူး"
"အဲ့ဒါကြောင့် အကူခေါ်မယ်လို့ပြောနေတာကို
ခင်ဗျားပဲ အမျိုးမျိုးအကြောင်းပြနေတာလေ"
"ကိုယ်တစ်ယောက်လုံးရှိနေတာ
သားကို အကူနဲ့လွှတ်မထားချင်ပါဘူး"
"အခုလိုအချိန်တွေဆိုဘယ်လိုလုပ်မလဲ"
မျက်ခုံးတစ်ဖက်ပင့်ပြကာ မျက်နှာလေးကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်တော့ ခေါင်းလေးငုံ့သွားပြန်တယ်...။
"ဂျွန်နော် ပေါက်ကရမပြောနဲ့... လွှတ်ပေးတော့... သားကိုနှိုးပြီး ထမင်းကျွေးရဦးမှာ"
"လွှတ်ပေးစေချင်လား"
"အင်း !"
"အဲ့ဒါဆို ကျုပ်ကိုနမ်း"
"ဟင် !"
"မနမ်းရင်မလွှတ်ပေးဘူး လုံးဝပဲ"
မျက်လုံးကြီးစုံမှိတ်ကာ အတင်းနမ်းခိုင်းနေတဲ့ ဂျွန့်လက်တွေဟာ ခါးကိုသိုင်းဖက်ထားတာကြောင့် ထွက်သွားလို့ကမရ...။ မနမ်းရင်လည်း သားဆီရောက်တော့မှာမဟုတ်...။
ထို့ကြောင့် ထယ်ယောင်းလည်း ဂျွန့်မျက်နှာလေးကို လက်ဖြင့်အုပ်ကိုင်ကာ မေးဖျားလေးကို အသာလေးနမ်းလိုက်သည်...။ ပြီးတော့ ထယ်ယောင်းသဘောကျတဲ့ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းတဲ့အခါ ခါးကိုသိုင်းဖက်ထားတဲ့ ဂျွန့်ရဲ့လက်တွေဟာ ပြေလျော့လို့သွားလေသည်...။ အဆုံးသတ်နမ်းပြီးတာနဲ့ တစ်ပြိုင်နက်အခန်းထဲကနေ ပြေးထွက်လာခဲ့လိုက်သည်...။ အောက်ပိုင်းနာကျင်နေပေမယ့် ချက်ချင်းမထွက်ရင် ထယ်ယောင်း ဒီ့ထက်ပိုဆိုးသွားနိုင်သည်...။
"ကျစ်~~ဟူး!"
မျက်နှာကို အသာလေးအုပ်ကိုင်ကာ မေးဖျားကနေစပြီး နမ်းလိုက်တဲ့သူကြောင့် ရင်ဘတ်ထဲကနေ အဖျားခတ်တုန်ယင်သွားရသည်...။ နှုတ်ခမ်းတစ်ခုလုံးကို ထိတွေ့လာတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် ခန္ဓာကိုယ်ပေါ်က ရှိသမျှသွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့...။ ခါးသိမ်သိမ်လေးအားဆွဲဖက်ကာ အနမ်းတွေကို ရှေ့ဆက်ဖို့ပြင်လိုက်ပေမယ့် လှစ်ကနဲနေအောင် ပြေးထွက်သွားတဲ့သူကြောင့် ရင်ဘတ်ထဲဟာကနဲ...။
သို့ပေမယ့် သဘောကျနှစ်ခြိုက်တဲ့ အနမ်းတစ်ပွင့်ဟာ မနက်ခင်းလေးမှာ လှပသေသပ်စွာ~~
...........................To Be Continued
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 18
Start from the beginning
