"ဘာလို့လဲ"

"သားကိုပစ်ထားတာတစ်ညလုံးပဲ...
ညနေထဲက ထမင်းမကျွေးရသေးဘူး"

"အဲ့ဒါကြောင့် အကူခေါ်မယ်လို့ပြောနေတာကို
ခင်ဗျားပဲ အမျိုးမျိုးအကြောင်းပြနေတာလေ"

"ကိုယ်တစ်ယောက်လုံးရှိနေတာ
သားကို အကူနဲ့လွှတ်မထားချင်ပါဘူး"

"အခုလိုအချိန်တွေဆိုဘယ်လိုလုပ်မလဲ"

မျက်ခုံးတစ်ဖက်ပင့်ပြကာ မျက်နှာလေးကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်တော့ ခေါင်းလေးငုံ့သွားပြန်တယ်...။

"ဂျွန်နော် ပေါက်ကရမပြောနဲ့... လွှတ်ပေးတော့... သားကိုနှိုးပြီး ထမင်းကျွေးရဦးမှာ"

"လွှတ်ပေးစေချင်လား"

"အင်း !"

"အဲ့ဒါဆို ကျုပ်ကိုနမ်း"

"ဟင် !"

"မနမ်းရင်မလွှတ်ပေးဘူး လုံးဝပဲ"

မျက်လုံးကြီးစုံမှိတ်ကာ အတင်းနမ်းခိုင်းနေတဲ့ ဂျွန့်လက်တွေဟာ ခါးကိုသိုင်းဖက်ထားတာကြောင့် ထွက်သွားလို့ကမရ...။ မနမ်းရင်လည်း သားဆီရောက်တော့မှာမဟုတ်...။

ထို့ကြောင့် ထယ်‌ယောင်းလည်း ဂျွန့်မျက်နှာလေးကို လက်ဖြင့်အုပ်ကိုင်ကာ မေးဖျားလေးကို အသာလေးနမ်းလိုက်သည်...။ ပြီးတော့ ထယ်ယောင်းသဘောကျတဲ့ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းတဲ့အခါ ခါးကိုသိုင်းဖက်ထားတဲ့ ဂျွန့်ရဲ့လက်တွေဟာ ပြေလျော့လို့သွားလေသည်...။ အဆုံးသတ်နမ်းပြီးတာနဲ့ တစ်ပြိုင်နက်အခန်းထဲကနေ ပြေးထွက်လာခဲ့လိုက်သည်...။ အောက်ပိုင်းနာကျင်နေပေမယ့် ချက်ချင်းမထွက်ရင် ထယ်ယောင်း ဒီ့ထက်ပိုဆိုးသွားနိုင်သည်...။

"ကျစ်~~ဟူး!"

မျက်နှာကို အသာလေးအုပ်ကိုင်ကာ မေးဖျားကနေစပြီး နမ်းလိုက်တဲ့သူကြောင့် ရင်ဘတ်ထဲကနေ အဖျားခတ်တုန်ယင်သွားရသည်...။ နှုတ်ခမ်းတစ်ခုလုံးကို ထိတွေ့လာတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် ခန္ဓာကိုယ်ပေါ်က ရှိသမျှသွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့...။ ခါးသိမ်သိမ်လေးအားဆွဲဖက်ကာ အနမ်းတွေကို ရှေ့ဆက်ဖို့ပြင်လိုက်ပေမယ့် လှစ်ကနဲနေအောင် ပြေးထွက်သွားတဲ့သူကြောင့် ရင်ဘတ်ထဲဟာကနဲ...။

~~STRING~~ (Completed)Where stories live. Discover now