Part - 17 (Rated M)

Start from the beginning
                                        

တစ်ဖက်သို့လှည့်ထားတဲ့မျက်နှာကို ဂျွန်က မျက်နှာချင်းဆိုင် အတင်းဆွဲလှည့်ပြန်တာကြောင့် မျက်နှာချင်းဆိုင်အနေအထား ပြန်ရောက်သွားရပြန်သည်...။

"ဂျွန် စကားပြောမရင့်သီးပါနဲ့... ကိုယ့်မိဘတွေတင်နေတဲ့အကြွေးကို ပြန်ဆပ်ပေးနိုင်တာဆိုလို့ ဒီနည်းပဲရှိတယ်... ဂျွန်နဲ့စတွေ့တဲ့နေ့ကနေစပြီး ဒီနေ့ဒီချိန်ထိ ကိုယ်အမြဲသိမ်ငယ်ခဲ့ရတယ်... ဂျွန် စိတ်ပျက်မှာစိုးလို့ကိုယ့်စိတ်ကိုတောင် ရှေ့တန်းမတင်ခဲ့ဘူး... လက်ထပ်ပြီးကြရင် မိဘတွေက သူတို့သားသမီးကို ဆိုင်သာဆိုင်တာခမပိုင်တော့ဘူးတဲ့... ကိုယ့်မှာအားကိုးစရာဆိုလို့ ဂျွန်ပဲရှိတယ်... ဒါပေမယ့် ဂျွန်က ကိုယ်ဘာလုပ်လုပ် အမြဲအပြစ်မြင်တယ်... စိတ်မကောင်းဖြစ်အောင်လုပ်တယ်... စကားလုံးတွေနဲ့ အမြဲထိုးနှက်စော်ကားတယ်... ကလေးတစ်ယောက်အဖေဖြစ်နေလို့ ကိုယ့်ကို မသတီဘူးမလား~~ဟမ် !! ကိုယ့်ကိုရွံမုန်းနေတာမလား... အဲ့ဒါကြောင့်~~"

"အွန်း !!"

နှုတ်ခမ်းသေးသေးလေးကနေ ဆက်တိုက်ထွက်ကျလာတဲ့ စကားလုံးတွေဟာ တဖြည်းဖြည်းဒေါသကို လာလာဆွနေတာကြောင့် ထပ်မပြောနိုင်တော့အောင် နှုတ်ပိတ်ပစ်လိုက်တော့သည်...။

ကိုယ့်အနမ်းတွေကို တုန့်ပြန်ခြင်းမရှိတဲ့အပြင် ကျောပြင်ကိုထုရိုက်ကာ ရုန်းကန်လျှက်ငိုနေတဲ့သူကြောင့် ဒေါသကပိုပိုထွက်လာသည်...။ ထို့ကြောင့် အတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းလေးကို ပါးစပ်နဲ့ဆွဲငုံကာ ကိုက်ချလိုက်တော့သည်...။

"အာ့~~!!"

ပွင့်ဟလာတဲ့ နှုတ်ခမ်းတစ်စုံကြောင့် အတွင်းထဲသို့တိုးဝင်ကာ လျှာဖျားချင်းရစ်ပတ်ဆော့ကစားလိုက်တဲ့အခါ သူ့ဆီကနေ အသက်ရှူသံပြင်းပြင်းက တိတ်ဆိတ်နေတဲ့အခန်းလေးထဲ ခပ်စိပ်စိပ်လေး ထွက်ပေါ်လို့လာ၏။

"ပြွတ် !!"

ကျောပြင်ပေါ်ကျရောက်လာတဲ့ လက်သီးဆုပ်တွေကို မသိကျိုးကျွံပြုထားရင်းမှ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အတင်းမရမကလိုက်နမ်းမိသည်...။ ခေါင်းကိုဖိချုပ်ထားတာကြောင့် သူ့ခမျာသိပ်ပင်မရုန်းနိုင်တော့...။ တဖြည်းဖြည်း ဂျောင်ကုရဲ့မွတ်သိပ်ကြမ်းရှတဲ့ အနမ်းတွေအောက်မှာ သူ့တစ်ကိုယ်လုံးပျော့ခွေသွားရတာဖြစ်ပြီး ရုန်းကန်မှုလေးတွေပင် ဖြည်းဖြည်းငြိမ်ကျလို့သွားလေသည်...။

~~STRING~~ (Completed)Where stories live. Discover now