"အာ့ !! အတင်းမလုပ်ပါနဲ့"
ကျောပြင်အား ခပ်ဖွဖွထုကာတားတော့ လုပ်လက်စကိုရပ်ကာ လျောကျနေတဲ့အင်္ကျီကို ပြန်ဆွဲတင်ပေးရင်း ပခုံးပေါ် မျက်နှာကြီး လာအပ်ထားပြန်တယ်..။
"ဂျွန်!! နောက်ဆို အပြင်မှာမအိပ်ပါနဲ့လားဟင်
မိဘတွေသာသိရင် ဂျွန်ဘယ်လိုလုပ်မလဲ"
ပခုံးပေါ်မေးတင်ထားရင်း မှိန်းနေရာမှ ဆတ်ကနဲထကာ ကိုယ်ချင်းခွာလျှက် သူ့မျက်နှာကိုတည့်တည့်ကြည့်လိုက်တော့ တောင်းဆိုနေသည့် မျက်နှာဘေးဖြင့်...။
"ခင်ဗျားမှာ တားပိုင်ခွင့်ရှိလို့လား... လက်မထပ်ခင်အချိန်ထဲက တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ဖို့ပြောထားတာ ခင်ဗျားမေ့သွားတာလား...??"
"ကိုယ်...ကိုယ်က အဲ့လိုသဘောမျိုးပြောတာမဟုတ်!!"
"ဘာမဟုတ်တာလဲ!! ကျုပ်လိုအပ်ချက်ကို ဖြည့်ဆည်းတာလေ... ခင်ဗျားကလိုက်တားနေရအောင် ခင်ဗျားကိုယ်တိုင်ကရော ဖြည့်ဆည်းပေးနိုင်လို့လား...??"
ချက်ချင်းခေါင်းကိုငုံ့ချကာ အသံတိတ်သွားတာကြောင့် မကျေမနပ်ဖြစ်နေရသည်က ဂျောင်ကုပင်...။ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး သူပြောတိုင်းလိုက်လုပ်နေရအောင် ချစ်လို့ယူထားတာလည်းမဟုတ်...။ ဒီလိုတွေလာပြောနေရအောင် သူကကော ကိုယ်လိုအပ်နေတာကို ဖြည့်ဆည်းပေးနိုင်လို့လား...။ နည်းနည်းလေး ပ,စားပေးလိုက်တာနဲ့ အထွန့်တက်ချင်တာမျိုးကို ဂျောင်ကုမကြိုက်ဘူး...။
"ပြောလေ!! မေးနေတာကိုမကြားဘူးလား"
"မ...မဟုတ်တာတွေလိုက်မမေးနဲ့"
ပခုံးနှစ်ဖက်အားဆွဲကိုင်ကာ လှုပ်ရမ်းလိုက်မှ သူ့ဆီကနေ အသံထွက်တော့သည်...။
"ဘာကိုမဟုတ်ရမှာလဲ... ဒီကိစ္စက ခင်ဗျားရယ်ကျုပ်ရယ် နှစ်ဦးထဲသာဆိုင်တဲ့ကိစ္စ... အဲ့ဒီကိုသွားတာမကြိုက်ရင် ခင်ဗျားဘက်က လိုက်လျောပေးလိုက်ပေါ့... ရှင်းနေတာပဲ "
ဂျွန်ဟာ အမြဲတမ်းထယ်ယောင်းကို စကားလုံးတွေနဲ့ နှိပ်စက်အနိုင်ယူသည်...။ တစ်ခါတစ်လေ ဂျွန်ပြောလိုက်တဲ့ စကားတွေထဲမှာ အများစုက အထင်သေးသရော်နေတာကြီးပဲ...။ ထယ်ယောင်းဟာ အဲ့လောက်တောင် တန်ဖိုးမဲ့နေသလားလို့ ကိုယ့်ကိုယ်ကို ခဏခဏအတွေးတွေဝင်လာမိတဲ့အထိပဲ...။
ČTEŠ
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 15
Začít od začátku
