"ဒါ...ဒါဆို သားကိုရော မချစ်ဘူးလား...??"

"သားက ကျုပ်သားပဲဟာ... ချစ်တာပေါ့"

"သားကိုချစ်ရင် အိမ်ကို နောက်ကျလဲပြန်လာပါလားဟင်... မအိပ်ခင်ထိသားက သူ့ပါပါးကိုမေးနေတာ... သားက ဂျွန့်ကိုခင်တွယ်နေပြီလေ... ဂျွန်သိရဲ့လား"

"အပိုင်ချုပ်နေတာလား အမိန့်ပေးတာလား...!!!"

ဆွဲညှစ်ထားတဲ့ မျက်နှာလေးအား လွှတ်ပေးလိုက်တော့ ချက်ချင်းပင် ဂျောင်ကုရင်ခွင်ထဲ အတင်းတိုးဝင်လာပြန်သည်...။

"ချုပ်လဲမချုပ်ဘူး... အမိန့်လဲမပေးဘူး... စောင့်နေတဲ့သူတွေရှိတယ်ဆိုတာ အသိပေးချင်ရုံပါ"

"ခင်ဗျားပြောတော့ ကျုပ်စိတ်ဆိုးပြေအောင်ချော့မှာဆို... အခုချော့နေရတာက ကျုပ်ဖြစ်နေသလိုပဲ... စိတ်ဆိုးနေတာက ကျုပ်ပါ... ဘယ့်နှယ့်ခင်ဗျားက မျက်ရည်တွေကျပြီး ငိုတဲ့အထိဖြစ်နေရတာလဲ"

ဟုတ်တယ်... တစ်ညလေးအိမ်ပြန်မလာတာကို အခုလူကိုပွတ်သီးပွတ်သပ်နဲ့ အချိုးတွေပါပြောင်းကုန်တဲ့အထိ...။ ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုသိုင်းဖက်ထားတဲ့သူကြောင့် လက်နှစ်ဖက်ကနေဆွဲကိုင်ကာ မျက်နှာချင်းဆိုင်စေရပြန်သည်...။

"ဖြေဦး !"

"ဝမ်းနည်းလို့ ငိုတာ"

"ဝမ်းနည်းတာနဲ့ ငိုရောပဲလား... ကလေးမဆန်ချင်စမ်းနဲ့... ပြောတော့ ကိုယ်ကအကြီးဆိုတာ ပါးစပ်ကမချဘူး... ဖြစ်နေတဲ့ပုံက ကလေးတွေထက်ဆိုးတယ်"

"အကြီးဖြစ်တာနဲ့ မငိုရတော့ဘူးလား...?? ဂျွန်က ကိုယ့်ကိုအပြစ်မြင်တဲ့အချိန်တိုင်း သူ့ဟာသူမျက်ရည်ကျလာတာ ထိန်းလို့မှမရတာကို"

"ကျုပ် စိတ်ဆိုးနေတာနော်
ခင်ဗျားခုထိ မချော့သေးဘူး"

"ကိုယ်ချော့နေတာပဲကို"

"ငိုပြတာက ချော့နည်းအသစ်လား...??"

ထယ်ယောင်းကိုယ်လေးကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ထားတဲ့ ဂျွန်ဟာ တစ်စက်ကလေးမှ လွှတ်ပေးမယ့်ပုံမပေါ်...။ ပေါင်ပေါ်ခွထိုင်ထားရတာကြောင့် ဂျွန့်ထက် ထယ်ယောင်းက ခေါင်းတစ်လုံးပိုသာလို့နေသည်...။

~~STRING~~ (Completed)Onde histórias criam vida. Descubra agora