"ခေါင်းကိုမော့စမ်းပါ!!!"
မေးဖျားကနေကိုင်ကာ ဆတ်ခနဲပင့်မော့တော့ သူ့မျက်နှာပေါ်မှာဖြတ်ပြေးသွားသည်က မျက်ရည်စအချို့...။ ဒါလေးပြောပြီး သူကငိုနေပြန်ပြီ...။
"ကျုပ်အိမ်ပဲ ဘယ်ချိန်ပြန်ပြန် ခင်ဗျားလိုက်ပူပေးစရာမလိုပါဘူး... အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက် အိမ်ပြန်နောက်ကျရင် ဘာဖြစ်နေလဲသိပေါ့"
"ဟိုလေ...အရင်ကဘယ်ချိန်ပြန်ပြန် ပြန်လို့ရပေမယ့် ခုမှမတူတာ... အိမ်မှာမျှော်နေမယ့်သူရှိတာ ဂျွန်သိရမှာပေါ့... ကိုယ်က ဂျွန့်ကိုယုံလို့ ဒီလိုနေရာမှာလိုက်နေတာ... ဒီရပ်ကွက်မှာ သိတဲ့သူလဲမရှိဘူး... တစ်ညလုံးကြောက်လန့်နေခဲ့တာ ဂျွန်မှမသိပဲ"
"အဲ့ဒီတော့ ခင်ဗျားကကျုပ်ကို အပြစ်တွေပုံချနေတာလား...??"
ခေါင်းကြီးပြန်ငုံ့သွားတာကြောင့် မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် ဆွဲပွေ့ယူရင်းမှ ပါးနှစ်ဖက်အားအားဖြင့် ဆွဲညှစ်ပစ်လိုက်သည်...။
"မလုပ်နဲ့ နာတယ်လို့"
"လုပ်တော့ဘာဖြစ်လဲ... ခင်ဗျားပဲပြောထားတာလေ... ဒီပါးစပ်ကနေထွက်လာတာ ဒီ၆လအတွင်း ခင်ဗျားကိုကျုပ်ပိုင်တယ်ဆို... ကျုပ်ဘာလုပ်လုပ်ငြိမ်ခံပေါ့"
ပါးနှစ်ဖက်အား လက်ဖြင့်ဆွဲညှစ်ထားတာကြောင့် နှုတ်ခမ်းပိစိလေးက ချွန်ထွက်လို့နေသည်...။ အဲ့ဒါကိုမှ ဂျောင်ကုက ထပ်ပြီးလိမ်ဆွဲလိုက်တာကြောင့် မျက်ရည်တွေပေါက်ကနဲ ကိုယ့်ရှေ့ကျပြလာပြန်သည်...။
"ဂျွန်က အနိုင်ကျင့်နေတာ...
အမြဲတမ်းအသားနာအောင်လုပ်တယ်"
"ဆက်ပြောပါဦး"
"အကြီးကို အကြီးမှန်းလဲမသိဘူး
ငိုအောင်လဲခဏခဏလုပ်တယ်"
"အဲ့ဒီတော့~~"
"ဂျွန်ကိုယ့်ကို မချစ်ဘူးလားဟင်... အဲ !!"
ပါးစပ်ကနေလွှတ်ကနဲထွက်သွားပြီးမှ ရှက်ရကောင်းမှန်း ထယ်ယောင်းသိတော့သည်...။
"မချစ်ပါဘူး... ချစ်လို့ယူထားတာမှမဟုတ်တာ... ဘာလို့ချစ်ရမှာလဲ"
အရှက်သည်းနေတဲ့ ထယ်ယောင်းရဲ့မျက်နှာဟာ အလင်းရောင်ဖျော့ဖျော့လေးအောက်မှာ နီရဲလျက်...။ ကိုယ်နဲ့မျက်နှာချင်းမဆိုင်ပဲ ရှောင်ဖယ်ကာ မျက်လုံးလေးတွေက ပေကလပ်ပေကလပ်နဲ့...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 14
Start from the beginning
