ကင်မ်ထယ်ယောင်းဟာ ‌ဂျောင်ကုကို သူ့သားလေးများထင်နေသလားမသိ...။ စိတ်ဆိုးပြေအောင် ချော့မယ်ဆိုတာက ရှိသေး၏။

"ဖယ်လို့ပြောနေတယ်လေ !!!
အသားမထိနဲ့လို့ပြောထားတာမမှတ်မိဘူးလား"

"မဖယ်ဘူး... ဂျွန်ကျတော့ကိုယ့်ကို ထိချင်တိုင်းထိလို့ရလား"

လက်နှစ်ဖက်ကိုဆွဲခွာချပေမယ့် လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းအကြပ် သိုင်းဖက်ထားပုံက အသက်ရှူကြပ်ချင်စရာ...။ ညကပင်ပန်းထားလို့ ခေါင်းကိုက်ရတဲ့အထဲ သူကတစ်မျိုး...။

"အေး...မဖယ်ချင်ရင် အဲ့အတိုင်းလိုက်ခဲ့"

"ဂျွန် !!"

ထယ်ယောင်းခန္တာကိုယ်လေး လေပေါ်မြောက်တက်သွားရသည်နှင့်အတူ လွတ်နေတဲ့ခြေနှစ်ချောင်းအား ခါးထက်သိုင်းခွစေကာ ဆိုဖာပေါ်ခေါ်လာတဲ့ ဂျွန်ကြောင့် အလိုက်တသင့် သူ့လည်ပင်းလေးအား သိုင်းဖက်ကာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့မိသည်...။

"ပြောပါဦး ဘာတွေမကျေမနပ်ဖြစ်နေတာလဲ"

ဆိုဖာပေါ်ထိုင်ချလိုက်တာနဲ့တပြိုင်နက် ဂျွန်ရဲ့ပေါင်ပေါ် ခွလျှက်သားလေးဖြစ်သွားရ၏။ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ အခြေအနေကြောင့် ဂျွန့်မျက်နှာချောချောအား သေချာလေးစိုက်ကြည့်နေရင်းမှ နှုတ်ခမ်းနားရောက်တော့ မျက်မှောင်ကြုံ့မိသွားရသည်...။

"ရန်ဖြစ်လာတာလား ဂျွန်ရယ်...
ကြည့်ဦး သွေးတွေတောင်ခြောက်နေပြီ"

ကိုယ့်နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးတို့ထိလာတဲ့ သူ့လက်တွေကို ဆွဲကိုင်ကာဖိညှစ်ထားရင်းမှ ဂျောင်ကု စိတ်မရှည်သလို ထပ်မေးလိုက်သည်...။

"ကျုပ်မေးတာဖြေစမ်းပါ"

"ညက ပြန်မလာလို့စိတ်ပူနေတာ... ဂျွန်က ကိုယ်တို့သားအဖကို စိတ်ပျက်ပြီးထားခဲ့ပြီထင်နေတာ... တစ်ညလုံး အိပ်လို့လဲမပျော်ဘူး"

အသက်ကသာ ကိုယ့်ထက်ကြီးတာ...။ သူလုပ်နေတဲ့ပုံစံတွေက ကလေးထက်ဆိုးသည်...။ ခေါင်းငုံ့ကာ အင်္ကျီစတွေကို ဆွဲလိုက်ချေလိုက်လုပ်နေပုံက လူကြီးတစ်ယောက်နဲ့ကိုမတူ...။

~~STRING~~ (Completed)Where stories live. Discover now