မနေ့ညက အားသုံးလိုက်ရတာကြောင့် ခေါင်းတွေမူးနောက်နေသည်...။ ဒီနေ့တော့ကုမ္ပဏီမသွားပဲ အနားယူမှရတော့မယ်...။ အိမ်ကိုရောက်အောင်တော့ ကားမောင်းနိုင်ပါသေးသည်...။
ကြမ်းပြင်ထက်ပြန့်ကျဲနေတဲ့ အဝတ်အချို့အား ကောက်ကာ ပြန်ဝတ်ရသည်...။ ညကမူးပြီး ယောင်ရမ်းကာ နမ်းမိသွားတာထင်သည်...။ အောက်နှုတ်ခမ်းထက်မှာ ပေါက်ကာ စပ်ဖျင်းဖျင်းဖြစ်နေတာက အသိသာပင်...။
.
.
.
.
.
အိမ်ရှေ့ကနေ ကားဟွန်းတီးသံလေး ကြားလိုက်ရတာကြောင့် ဆိုဖာပေါ်အိပ်ပျော်နေရာမှ ထယ်ယောင်းဆတ်ကနဲ ငုတ်တုတ်ထထိုင်မိသည်...။
တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက်၆နာရီထိုး...။ မနက်အစောကြီး ထပြန်လာပုံထောက်ရင် တစ်နေရာရာမှာ အိပ်ခဲ့တာပဲ ဖြစ်ရမည်...။
ဂျောင်ကု အိမ်တံခါး Password အားရိုက်နှိပ်ကာ အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးမှောင်မဲလျှက်...။ ဆောင်းရာသီမနက်ခင်းပိုင်းမို့ အလင်းပါးတာကြောင့် မှောင်နေရခြင်းပင်...။ ထိုအခိုက် ရုတ်တရက်ခါးကို အင့်ကနဲနေအောင် သိုင်းဖက်ခံလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်မိတော့ ကင်မ်ထယ်ယောင်းပင်...။
"ဂျွန်!! ညကဘာဖြစ်လို့ပြန်မလာတာလဲဟင်
ကိုယ်စိတ်ပူနေတာ ဂျွန်သိရဲ့လား...??"
အမှောင်ထဲမှာတောင် နွမ်းလျနေတဲ့ ဂျွန့်ရဲ့မျက်နှာထားကြောင့် ထယ်ယောင်းတကယ် စိတ်ပူမိပါသည်...။ ပစ်ထားခဲ့ပြီလို့ထင်ခဲ့မိတာ...။ အနားကိုပြေးသွားကာ ခါးကိုသိုင်းဖက်လိုက်ချိန် ဂျွန့်ဆီကနေရတဲ့ ခပ်စူးစူးရေမွှေးနံ့ကြောင့် နှာခေါင်းရှုံ့မိသည်...။ ဂျွန့်အနားကပ်တိုင်း ရနေကျ green tea နံ့လေးဟာပျောက်ရှလျှက်...။ အဲ့ဒီစူးရှရှအနံ့ကို ထယ်ယောင်း တကယ်မနှစ်မြို့ဘူး...။
"ဖယ်စမ်းပါ!!! ပင်ပန်းနေရတဲ့ကြားထဲ ပွတ်သီးပွတ်သပ်နဲ့"
ခါးကိုသိုင်းဖက်ကာ ကိုယ့်ရင်ခွင်ထဲမြုပ်နေအောင် တိုးဝင်နေတဲ့သူကြောင့် ဂျောင်ကုစိတ်ရှုပ်ကာ နေရခက်လာသည်...။
"ဟင့်အင်း!! ဂျွန်ကိုယ့်ကို စိတ်ဆိုးနေတာသိတယ်... ညက ပြန်မလာတော့စိုးရိမ်နေတာ... မနေ့ကကိစ္စအတွက် ကိုယ်တကယ်စိတ်မကောင်းဘူး... စိတ်ဆိုးနေရင် ကိုယ်ချော့ပါ့မယ်နော် ဂျွန်"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 14
Start from the beginning
