မီးတွေမှိတ်ထားတာကြောင့် တစ်အိမ်လုံးမှောင်မဲနေတော့ ထယ်ယောင်းကြောက်သည်...။ အပေါ်ထပ်ကိုလည်း မတက်ချင်...။ တကယ်လို့ ဂျွန်ပြန်လာရင် မသိလိုက်မှာစိုးတာကြောင့် ဧည့်ခန်းမှာထိုင်စောင့်နေရတာ...။

ဂျွန်နဲ့စတွေ့တဲ့အချိန်ကစပြီး ထယ်ယောင်းအတွက် အမြဲအားငယ်ခဲ့ရသလို ခဏခဏလည်းငိုခဲ့ရတယ်...။ အခုလည်း ကြောက်စိတ်နဲ့ဝမ်းနည်းတဲ့စိတ်တို့ကြောင့် ငိုမိပြန်ပြီ...။ ဒါကိုထယ်ယောင်း စိတ်နာသင့်လားဆိုပြန်တော့ မနာရက်ပါဘူး...။ ဘယ်လောက်ပဲငိုအောင်လုပ်လုပ် အပြစ်မမြင်ခဲ့ဘူး...။ ထယ်ယောင်းလိုချင်တာက ဂျွန့်ဘက်ကနေ အမြင်ကြည်လာဖို့တစ်ခုပါပဲ...။

အနားမှာဂျွန်ရှိနေရင် လုံခြုံတယ်လို့ ခံစားရတယ်...။ ထယ်ယောင်းကိုနမ်းတဲ့အခါတိုင်းလည်း ခဏခဏရင်ခုန်ရတာပဲ...။ ဂျွန့်ဆီကနေရတဲ့ အသေးစားဂရုစိုက်မှုလေးတွေဟာ ထယ်ယောင်းအတွက်တော့ ရင်အခုန်ရဆုံးအရာတွေပါပဲ...။

ရင်ခုန်တာဟာ အချစ်ဆိုရင် ထယ်ယောင်း ဂျွန့်ကို ချစ်နေမိပြီထင်တာပဲ...။ ကိုယ်ချစ်နေတာကို ဂျွန်သိဖို့လိုမယ်မထင်ပါဘူး...။ ကိုယ့်ကိုမုန်းနေတဲ့သူရှေ့မှာ ချစ်ကြောင်းဖွင့်ဟဖို့ သတ္တိတွေမရှိပါဘူး...။

မနက်ဖြန်မနက်ပြန်လာရင်တော့ စိတ်ဆိုးနေတဲ့သူကို ချော့ချင်ပါသည်...။ ဘယ်လိုဘယ်နည်း ချော့ရမှန်းတော့ ထယ်ယောင်း မတွေးတတ်တော့ပါဘူး...။ ပြန်လာဖို့ကိုပဲ အရင်ဆုတောင်းရမှာပေါ့...။

~~~~~~STRING~~~~~~

တစ်ညလုံး စိတ်ကြိုက်သောင်းကျန်းခဲ့တာကြောင့် မနက်မိုးလင်းတော့ ကိုယ်လက်မအီမသာဖြစ်ကာ လှုပ်ပင်မလှုပ်ချင်တော့...။ ညကအဖော်ကတော့ ပိုက်ဆံပေးပြီးကတည်းက လစ်သွားတာကြာပေါ့...။

ဆက်ဆံနေတဲ့တစ်ချိန်လုံး ဟိုလူ့ရဲ့အသံတွေပဲ ကြားယောင်နေတာကြောင့် ဒေါသထွက်ကာ ကြမ်းရမ်းမိတဲ့အကျိုးဆက်က အရင်ကထပ်ပိုပြီး ၂ဆပေးလိုက်ရခြင်းပင်...။

တစ်ညလုံးအစာမဝင်ထားတော့ ဗိုက်က အောင့်ချင်လာသည်...။ ခန္တာကိုယ်မှာစွဲကျန်ခဲ့တဲ့ ရေမွှေးနံ့ခပ်စူးစူးက သူ့ကိုပိုပြီးခေါင်းကိုက်စေသည်...။

~~STRING~~ (Completed)Where stories live. Discover now