ဖုန်းဆက်လိုက်ချင်ပေမယ့် ဂျွန့်ဖုန်းနံပါတ်ကို ထယ်ယောင်းမသိဘူး...။ ဂျွန့်မေမေတို့ဆီလည်း မဆက်ရဲပြန်ဘူး...။ ကိုယ့်ယောက်ျားရဲ့ ဖုန်းနံပါတ်လေးတောင် မသိရကောင်းလားဆိုပြီး အပြောလည်းမခံရဲပြန်ဘူး...။

တဖြည်းဖြည်းနဲ့ အချိန်တွေကုန်လာလေ စိုးရိမ်စိတ်က ကြီးလာလေပဲ...။ ခြံထဲဆင်းကာ ထွက်မျှော်ရတာလည်း လည်ပင်းညောင်းလှပြီ...။

လမ်းမှာတစ်ခုခုများဖြစ်နေသလားဆိုတဲ့ စိုးရိမ်စိတ်ရယ်၊ ထယ်ယောင်းတို့သားအဖကို တကယ်ပဲစိတ်ကုန်ပြီး ပစ်ထားခဲ့ပြီလားဆိုတဲ့စိတ်တွေကြောင့် နေလို့ထိုင်လို့ပင်မထိ...။

ဒီရပ်ကွက်ကို ပြောင်းလာတာ သိပ်မကြာသေးတော့ ထယ်ယောင်းနည်းနည်းကြောက်နေသည်...။ ကိုယ်နေတဲ့နေရာဟာ လူရှင်းတဲ့ဘက်မို့ပင်...။ အိမ်နီးနားချင်းတွေနဲ့ ခင်ဖို့ဆိုတာကလည်း ဝေးလေစွ...။ တစ်နေ့တစ်နေ့ သားကိစ္စ၊ အိမ်မှုကိစ္စနဲ့သာ အချိန်ကုန်နေရတာမို့ အပြင်ထွက်ဖြစ်တာက ခပ်ရှားရှားရယ်...။

မေမေတို့အိမ်မှာနေတုန်းကလည်း သူအိမ်ထဲကနေအိမ်ပြင် သိပ်မထွက်ဖြစ်ခဲ့ပါ...။ အလုပ်ကိစ္စသဘောမျိုးလောက်သာ အပြင်ထွက်ဖြစ်ခဲ့တာက ခပ်များများရယ်...။

ဆောင်းရာသီမို့ လေစိမ်းတွေခပ်ကြမ်းကြမ်းတိုက်နေတာကြောင့် အထဲဝင်မှဖြစ်တော့မည်...။ ဂျွန်ပြန်လာမှ စားဖို့လုပ်ထားတဲ့ညစာဟာ အခုချိန်လောက်ဆို အေးစက်နေလောက်ပြီ...။

စားချင်စိတ်လည်းရှိမနေပါ...။ တွေးပြီးပူနေရတာနဲ့တင် ရင်တွေလည်းပြည့်နေပြီ...။ နာရီကိုကြည့်လိုက် အိမ်အပြင်ဘက်က ကားသံကိုနားစွင့်လိုက်နဲ့ တော်တော်လေးကိုမှ ဗျာများနေရတဲ့အဖြစ်...။

မှေးကနဲအိပ်ပျော်သွားပြီး ပြန်နိုးလာလို့ နာရီကိုကြည့်မိချိန် ညသန်းခေါင် ၁၂နာရီတိတိ...။ ဂျွန်ဟာ တကယ်ပဲထယ်‌ယောင်းကို စိတ်ဆိုးသွားတာပဲ...။ တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိနေရတဲ့ ခံစားချက်ကြီးကို ထယ်ယောင်းသဘောမတွေ့ဘူး...။ ဂျွန်ရှိနေရင်တောင် စကားသိပ်မပြောဖြစ်ကြပေမယ့် သူရှိနေတာမို့ ကိုယ့်အတွက် လုံခြုံတယ်လို့ခံစားရသေးတယ်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora