"မလုပ်ချင်လို့ပေါ့ကွာ... ရှင်းနေတာပဲ"
"ကိုယ့်ကိုယ်ကို ညာမနေနဲ့ဟေ့ကောင်
ဟိုက ခွင့်မပြုလို့ငြိမ်နေတာမလား...??"
"ငါကဘာလို့ သူ့ခွင့်ပြုချက်ကို ယူနေရမှာလဲ... ငါလိုချင်ရင် ချက်ချင်းရနေသားပဲ... သူ့လိုလူမျိုးကိုရဖို့က လွယ်လွယ်လေး... ငါလိုချင်ရင် ဒီကိုအချိန်ကုန်ငွေကုန်ခံပြီးတောင်မလာဘူး... ဖြစ်ပြီးရင် မပြီးနိုင်မစီးနိုင် ဇာတ်လမ်းတွေဖြစ်နေမှာ"
"မင်းစကားတွေလွန်ပြီ ဂျောင်ကု... သူက မင်းလက်ထပ်ယူထားတဲ့သူနော်... သူ့ဟာသူဘာကြီးဖြစ်နေနေ မင်းဒီလိုမျိုးတော့မပြောသင့်ဘူး... ငါ့အမြင်ပြောရရင် Hyung က အနေအေးပြီး..."
"တော်တော့ ယွန်းဂီ!!!! သူ့အကြောင်းကြားချင်လို့ ဒီကိုလာတာမဟုတ်ဘူး... ငါ့ယောကျ်ားပဲ မင်းထက်ငါပိုသိတာပေါ့... ရှင်းရှင်းပြောရရင်သူ့အသံ သူ့မျက်နှာကိုမကြားချင်လို့ ဒီကိုလာတာကွာ"
ဝိုင်ပုလင်းကို အားနဲ့ဆောင့်ချလိုက်တဲ့ပုံစံကြောင့် ယွန်းဂီတစ်ချက်ကြည့်လိုက်တော့ ဂျောင်ကုဟာ တော်တော်လေးကိုမှ ရေချိန်ကိုက်နေပြီ...။
"ဘယ်မှာလဲ ငါ့အဖော်"
"အခန်းထဲမှာအဆင်သင့်ပဲ"
"ငါသွားပြီ!!!"
"အခန်း No.က 306 နော်"
အခန်းနံပါတ်ပင်မမေးနိုင်ပဲ ထထွက်သွားတဲ့သူကြောင့် နောက်ကနေအော်ပြောရသေးသည်...။ ဖြစ်လိုက်ရင် သူ့စိတ်ကြီးပဲ...။ ငယ်ငယ်လေးကတည်းက လည်ပင်းဖက်ပေါင်းလာတာကို သူ့အကြောင်းမသိပဲနေမလား...။ အလကား ကိုယ့်ကိုယ်ကိုညာချင်နေတာ...။ ဟုတ်တာလည်းမဟုတ်ဘူး...။
ညနေက ဂျူယောင်းဖုန်းဆက်ပြောလို့ သိရပြီးပြီ...။ ချစ်နေတာကို လက်မခံနိုင်တာ သူတစ်ယောက်ပဲရှိမယ်ထင်တယ်...။ ကိုယ်သာသူ့နေရာဆို လက်ထပ်တဲ့နေ့ထဲက အပိုင်သိမ်းပြီး ဆွဲစိထားတာကြာပေါ့...။
ဒီလောက်ချစ်ဖို့ကောင်းတဲ့ယောကျ်ားကို ရထားတာတောင်မှ သူကအဖော်ရှာနေသေးတယ်...။ နောက်မှ နောင်တတွေရမှာ...။
~~~~~~STRING~~~~~~
သားကို သိပ်ပြီးတဲ့အချိန်ထိ ကားသံမကြားရသေးတာကြောင့် ထယ်ယောင်းရဲ့ စိုးရိမ်စိတ်တွေက တဖြည်းဖြည်းဝင်လို့လာသည်...။ အများဆုံးနောက်ကျချိန်ဟာ ၇နာရီခွဲ...။ အခုတော့ ညကိုးနာရီပင်ထိုးချေပြီ။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 14
Start from the beginning
