"သူက ဘာဖြစ်နေလို့လဲ...??"
"မကာအိုကို စော်နဲ့လစ်သွားတယ်လေ... အခုလောက်ဆို မကာအိုက Casino ဝိုင်းမှာ ခေါင်းစိုက်နေလောက်ပြီ"
ဂျောင်ကုလည်း ယွန်းဂီလက်ထဲရောက်လာတဲ့ ဝိုင်ခွက်အသစ်ကို ပြန်ဆွဲယူကာ တစ်ဆုံးထိကုန်အောင် မော့ချလိုက်ပြန်သည်...။
"ဒီကဝိုင်းတွေက ဘာဖြစ်နေလို့လဲ... ကြည့်လည်းထိန်းဦး... လောင်းကစားဆိုတာ အပျော်ဆော့ရင်းကနေ အပျက်ဖြစ်သွားမှ"
"ဝိုင်းသေးလို့မဆော့ချင်ဘူးတဲ့ကွ... ပူမနေစမ်းပါနဲ့ ဒီကောင်က Casino ဘုရင်လေ... မကာအိုမှာလဲ သူပိုင်တဲ့ဝိုင်းတွေကြီးပဲ... တစ်ဝိုင်းရှုံးရင်တောင် သူတစ်နေ့ရှာသလောက်ပဲရှိတာ"
တစ်ခွက်ပြီးတစ်ခွက် မှာသောက်နေရင်းမှ စိတ်မရှည်တော့တာကြောင့် ပုလင်းလိုက်ချခိုင်းကာ မော့သောက်နေလိုက်သည်...။
ယွန်းဂီကတော့ နမ်ဂျွန်းလိုမဟုတ်ပဲ သူ့စရိုက်က တမျိုး...။ ရှာသမျှကိုစုသည်...။ ပြီးရင် စော်တွေတစ်ပွေပြီးတစ်ပွေတွဲရင်း လိုက်အမ်းတတ်တာပဲ...။
ဂျောင်ကုလည်း ဂျုယောင်းနဲ့မတွဲခင်က ယွန်းဂီနီးပါး လိုက်အမ်းခဲ့တာပေါ့လေ...။ ဒါပေမယ့် အမ်းတာနဲ့တန်အောင် သူတို့ပြန်ရပါသည်...။ အချစ်မပါပေမယ့် သူတို့လေးတွေက အပြုအစုတော်ကြသည်ကိုး...။
အခုနောက်ပိုင်းတော့ ယွန်းဂီက ဝိုင်လေးတမြမြနဲ့စည်းစိမ်ခံပြီး အရင်လိုမဟုတ်ပဲ တည်ငြိမ်နေတတ်ပြီ...။ ဂျောင်ကုကရော ဘာထူးလဲ...။ အိမ်ထောင်ကျပြီးတော့ သူ့မှာအိမ်နဲ့ကုမ္ပဏီကိုပဲ ပတ်လည်ရိုက်အချိန်ကုန်ခဲ့တာ...။ လူပျိုဘဝကဆို ညနေတိုင်း bar ထိုင်တတ်ပေမယ့် အခုတော့ခြေငြိမ်နေတာ တစ်လလောက်ပင်ရှိတော့မည်...။
"နေပါဦး ငါစပ်စုပါဦးမယ်... အိမ်မှာ မင်းယောကျ်ားတစ်ယောက်လုံးရှိပါရက်နဲ့ ဘာကိစ္စဒီကိုလာပြီး အဖော်လာရှာတာလဲ...??"
ဟက်...ရှိတော့ရော သူကဘာတွေလုပ်ပေးနိုင်မှာတဲ့လဲ...။ သူ့လိုကလေးတစ်ယောက်အဖေနဲ့ သွေးသားချင်းစပ်ယှက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပဲ...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 14
Start from the beginning
