"ခင်ဗျားကိုအစထဲက ကျုပ်မပြောဘူးလား... အကူခေါ်မယ်ပြောတော့ ခင်ဗျားပဲဆန့်ကျင်နေတာလေ... အခုတော့ ကျုပ်အပြစ်တွေပေါ့... တတ်လဲတတ်နိုင်တယ်"
အပြန်အလှန်အငြင်းပွားမှုကြောင့် ငိုနေတဲ့သားပင် အသံလေးတွေတိတ်ကာ ထယ်ယောင်းတို့ကိုတစ်လှည့်စီ မျက်လုံးလေးပြူးပြီး လိုက်ကြည့်နေတဲ့အထိ...။
"ကိုယ့်စေတနာကိုမစော်ကားနဲ့... ဂျွန့်ကို ကိုယ်ကိုယ်တိုင် သေချာလေးလုပ်ပေးချင်လို့ အချိန်ပေးနေတာ... ဂျွန်က အမြဲတမ်းအပြစ်ချည်းပြောဖို့ပဲသိတာ"
"လိုလို့လား...!!! ခင်ဗျားနဲ့ကျုပ်ကြား အဲ့ဒါတွေလိုလား...?? နေတတ်ရင်နေတတ်သလိုနေလိုက်... ခင်ဗျားပဲစေတနာဗလပွနဲ့ မင်းသားဇာတ်ခင်းပြမနေနဲ့"
"အဲ့လိုမပြောနဲ့ဆိုနေ!!! အမြဲတမ်း ဂျွန့်ကိုနားလည်ဖို့ ကိုယ်ကြိုးစားခဲ့တယ်... ကိုယ်ဘယ်လိုလုပ်မှ ဂျွန့်ကိုနားလည်နိုင်မှာလဲ... ဂျွန်က နေနိုင်ပေမယ့် ကိုယ်မှမနေတတ်တာ... ကိုယ်ကအကြီးမို့ အရာရာကိုနားလည်နိုင်ရမယ်... ဂရုစိုက်ပေးတတ်ရမယ်... ဒါကိုယ့်ခံယူချက်ပဲ"
တဖြည်းဖြည်းနဲ့မီးစက ကြီးသထက်ကြီးလာတာကြောင့် အစဖျောက်မှရတော့မည်...။ ရုံးသွားဖို့ကလည်း အချိန်နီးလာပြီ...။ အရေးထဲ မျက်ရည်ဝဲပြီး ငိုတော့မတတ်ဖြစ်နေတဲ့သူကလည်း မပြီးနိုင်မစီးနိုင်ဇာတ်လမ်းကို ဆက်ချင်နေသည်...။
"မသိဘူးကွာ!! သားကို ကျုပ်ကုမ္ပဏီခေါ်သွားမယ်... ခင်ဗျားနဲ့ရှိနေလဲ ဂရုစိုက်တာမှမဟုတ်တာ"
"ဂျွန် အဲ့ဒီလိုပြောချင်ရာပြောပြီး အနိုင်မကျင့်နဲ့... သားကိုလဲ ခေါ်မသွားရဘူး"
သားကိုချီလျှက်ဖြင့် အိမ်ရှေ့ကိုထွက်ဖို့ပြင်လိုက်ပေမယ့် အရှေ့ကနေပိတ်ရပ်လာတဲ့သူကြောင့် အကြီးကြီးစိတ်ပျက် ဒေါသထွက်မိသည်အထိ...။
"ဘာလို့ခေါ်သွားလို့မရရမှာလဲ... ကျုပ်သားကို ကျုပ်ကုမ္ပဏီကိုခေါ်သွားတာ... ခင်ဗျားက ဘာကိစ္စနဲ့လိုက်တားချင်နေတာလဲ"
"အလုပ်တစ်ဖက်နဲ့ သားက နေမှာမဟုတ်ဘူး... ကိုယ့်ထက်ပိုပြီး သားအကြောင်းကို ဂျွန်သိလို့လား...?? သားဘာကြိုက်တတ်လဲ... ငိုရင်ဘယ်လိုချော့ရလဲ ဂျွန်သိလို့လား...??"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 13
Start from the beginning
