"သားကို ဖေဖေက ပစ်ထားတာလား... ဟုတ်လားသား~~!"
ကလေးကို လက်တစ်ဖက်နှင့်သေချာထိန်းပွေ့ကာ ဖိုင်အိတ်ကိုလည်း တစ်ဖက်လက်နှင့်ကိုင်လျှက် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...။
"အွန်း~~ဖေ့ချီတွားမို့"
ခေါင်းလေးကိုအဆက်မပြတ်ငြိမ့်ပြကာ လက်ညှိုးလေးထိုးလျှက် သူ့အဖေဆီသွားဖို့ပြင်နေပေမယ့် ဂျောင်ကုကပဲ ဆက်ပွေ့ပြီးချီထားပေးလိုက်သည်...။
"ပါပါးကို အာဘွားတွေပေးပါဦး"
မျက်နှာကိုထိုးပေးတော့လည်း နှုတ်ခမ်းပိစိလေးနဲ့ တမွမွလုပ်ပြန်တယ်...။
"ပစ်ထားတဲ့ဖေဖေကို ပါပါးကဆူပေးမှာပေါ့... ငါ့သားကို တစ်ယောက်ထဲပစ်ထားတဲ့ဖေဖေကို အကြီးကြီးဆူပစ်လိုက်မှပါပဲ"
"ဟင့်~~အင့်~~ဝါး !!"
ရုတ်တရက်ကြီး သားပေါက်စက ထငိုလိုက်တာကြောင့် ဂျောင်ကုမှာ မချော့တတ်သည့်အပြင် ငိုနေတာကိုပဲ ချီထားတဲ့အတိုင်းကြည့်နေမိသည်...။
"ပေးပေး... ကိုယ်ချီလိုက်ပါ့မယ်"
kitchen ထဲအလုပ်ရှုပ်နေတုန်း ဆန်လုံးလေးရဲ့ စူးစူးဝါးဝါးအော်ငိုသံကြောင့် အပြေးလာကြည့်တော့ ဧည့်ခန်းအလယ်မှာ ဂျွန်က သားကိုချီလျှက်သား...။ အတင်းကော့ထိုးကာအော်ငိုနေတာကြောင့် ထယ်ယောင်းသွားချီဖို့ပြင်လိုက်ပေမယ့် ဂျွန်က နောက်ကိုဆုတ်လိုက်သည်...။
"မချီနဲ့... ကျုပ်သားကိုမထိနဲ့!!"
ထယ်ယောင်းလက်ကိုပုတ်ချကာ သားကိုမြှူနေတာကြောင့် အနောက်ကနေ သူတို့သားအဖနောက် တကောက်ကောက်လိုက်ရပြန်သည်...။
"ဂျွန်... သားကိုကိုယ်ချော့လိုက်ပါ့မယ်... အလုပ်နောက်ကျနေလိမ့်မယ်လေ... မနက်စာလဲ စားရသေးတာမဟုတ်ဘဲ"
"အခုမှ လာဖြစ်ပြမနေနဲ့!! ကလေးကိုပစ်မထားပါနဲ့လို့ အတန်တန်ပြောနေတာကိုမရဘူး... ကျွေးထားတဲ့မုန့်ကလဲ ရင်ကြပ်စာတွေ... ခင်ဗျားဒီလောက်လေးတောင် နားမလည်ဘူးလား...??"
"ဂျွန် ကိုယ့်ကိုလာမအော်နဲ့... ကိုယ်လဲ တစ်ယောက်တည်းအားနဲ့ တတ်နိုင်သလောက် လုပ်ပေးနေတာပဲ... ဂျွန့်အတွက် နောက်ကျနေမှာစိုးလို့ သားကိုခဏပစ်ထားလိုက်ရတာ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 13
Start from the beginning
