DNA နဲ့ စာချုပ်ချုပ်ဖို့က နေ့လည်မှာသွားတွေ့ရမှာဆိုတော့ သားကိုပါခေါ်သွားလိုက်မည်...။ နေ့လည်စာကိုတော့ ဆိုင်မှာပဲစားပြီး dinner အတွက်ပြန်လာမှပဲ အေးဆေးချက်တော့မယ်...။

ဂျွန်က ဘာတွေကြိုက်တတ်မှန်းမသိတော့ ထယ်ယောင်းအမြဲခေါင်းစားရတယ်...။ မေးချင်ပေမယ့် အကန်တွေပြောမှာကိုလည်း ကြောက်တယ်...။ ဂျွန့်မေမေကိုမေးချင်ပေမယ့် နည်းနည်းကြောက်နေတာရယ် သိပ်ပြီးမရင်းနှီးသေးသလို ခံစားနေရတာရယ်ကြောင့်ပင်...။

~~~~~~STRING~~~~~~

အလုပ်သွားဖို့နောက်ကျနေပြီဖြစ်တာကြောင့် အခန်းထဲက အမြန်ထွက်ရသည်...။ necktile ပင် ဖြောင့်အောင်မတပ်နိုင်တော့လောက်အောင် ဂျောင်ကုလောနေမိသည်...။ အလုပ်ချိန်ကို တစ်ခါမှနောက်မကျဖူးတဲ့သူအဖို့ image ပျက်မှာလည်းကြောက်ရသေး...။

အောက်ထပ်ကိုဆင်းဖို့ပြင်တုန်း အပေါ်ထပ်ဧည့်ခန်းမှာ တီဗွီကြီးက ဖွင့်လျှက်သား...။ ဖွင့်ထားတာက ကလေးအကြိုက်ပါဝါရိန်းဂျားကား...။

"ဗူး~~ဝူး~~ခ်ခ်~~ ဘူဘူး~~!!"

ဧည့်ခန်းအလယ်ခေါင်ကနေ သားပေါက်စရဲ့အသံလေးတွေ ထွက်လာတာကြောင့် အနားကိုအသာလေးကပ်သွားကြည့်တော့ ထင်သည့်အတိုင်းပင်...။

ကင်မ်ထယ်ယောင်းဟာ ကလေးကိုပစ်ပြီး နံနက်စာပြင်နေတာပဲဖြစ်ရမယ်...။ ကြည့်ဦး... ကြမ်းပြင်တစ်ခုလုံးလည်း မုန့်ကြေတွေနဲ့ပလဲပွနေသည့်အပြင် သားလက်ထဲမှာလည်း မုန့်က သုံးလေးခု...။

ကလေးကိုခုလိုပစ်ထားမှတော့ သူလုပ်ချင်ရာလုပ်တော့မှာပေါ့...။ ကလေးကဘာသိမှာလဲ...။ ကျွေးထားတဲ့မုန့်က ဘီစကစ်မုန့်...။ ချောင်းဆိုးပြီး ချွဲကျပ်တော့မှဖြင့်...။ ပြီးတော့ဒီလိုအမာစာတွေကို ဒီကလေးကို ကျွေးစရာလား...။ ကလေးအဖေလုပ်နေပြီး ဒီလောက်လေးတောင် သူနားမလည်တာလားပဲ...။

အိမ်အကူခေါ်မယ်ပြောတော့ သူပဲလုပ်နိုင်သလိုလို...။ ပြောရင်လည်း မျက်ရည်ဝဲပြပြီးငိုပြဖို့ပဲတတ်တာ...။ ကိုယ့်စေတနာကို တစ်စက်မှနားမလည်ဘူး။

"ပါး~~ဟင့်~~ချီ"

"ပါး!!"

သားပေါက်စက ကိုယ့်ကိုမြင်တာနဲ့ မုန့်ထုတ်ကိုလွှင့်ပစ်ကာ လက်တွေဆန့်ထုတ်ပြနေတာကြောင့် ဂျောင်ကုလည်း ကောက်ပွေ့ကာချီလိုက်ရသည်...။ ဒါတောင် မျက်နှာလေးက ငိုမဲ့မဲ့ဖြင့်...။ ကလေးပေါင်ဒါနံ့လေးကတော့ သူ့အဖေဆီကနေ ရတာနဲ့သိပ်မကွာ...။ ပေလူးနေပေမယ့် ချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပါးဖောင်းလေးနှစ်ဖက်ကို တရှုံ့ရှုံ့နမ်းမိပါသေးသည်...။

~~STRING~~ (Completed)Where stories live. Discover now