ရှန်ရှင်းဆွေ့ သူ့ရဲ့ကတ်ကိုဖွင့်ပြလိုက်ပြီး အသံတိုးတိုးနဲ့ "ကျွန်တော်ကစားသောက်ဆိုင်ကျတယ်"

အားလုံးအချင်းချင်းကြည့်လိုက်ကြပြီး ဘယ်သူကစားသောက်ဆိုင်ထပ်ဖြစ်မလဲဆိုတာ ခန့်မှန်းနေကြတယ်။

မလှမ်းမကမ်းရှိဖုကျင်းရှောင်းက သွယ်လျတဲ့လက်ချောင်းလေးတွေနဲ့ ကတ်ကိုဖွင့်လိုက်ရင်း ဖြည်းညှင်းစွာပြောလာတယ် "စားသောက်ဆိုင်"

အစကစားသောက်ဆိုင်ကိုနှိုက်မိတာ ဘာမှမဖြစ်ပေမဲ့ အခုဖုကျင်းရှောင်းနဲ့တစ်ဖွဲ့တည်းဆိုတော့ အားလုံးကရှန်ရှင်းဆွေ့ကို မနာလိုတဲ့မျက်ဝန်းတွေနဲ့ ကြည့်လာကြတော့တယ်။ ရှန်ရှင်းဆွေ့ကိုယ်တိုင်လည်း မယုံကြည်နိုင်ခဲ့ဘူး။ မျက်လုံးထဲမှာ ပျော်ရွှင်နေတဲ့အရိပ်အယောင်လေးတောင် ထွက်ပေါ်နေခဲ့တယ်။

နောက်ဆုံးအဖွဲ့ခွဲတာကလည်း မဲနှိုက်ခြင်းအရထွက်ပေါ်လာပြီဖြစ်တယ် :

ရှန်ရှင်းဆွေ့ နှင့် ဖုကျင်းရှောင်း -- စားသောက်ဆိုင်

ရှန်ရှင်းချန် နှင့် လီရွှိအန်း -- စျေးသည်

အန်းရန် နှင့် နင်ဇယ် -- အိမ်တော်ကြီး

ထူရာ နှင့် ရွှီချင်ခဲ့ -- စာအုပ်ဆိုင်

လီလောင်ရှီး နှင့် ဖုန်းဖန် -- သန့်ရှင်းရေး

ရှန်ရှင်းဆွေ့ကတ်ပေါ်က စားသောက်ဆိုင်ဆိုတာကိုကြည့်ရင်း သိချင်စိတ်အနည်းငယ်နဲ့ မေးလိုက်တယ် "ဒီစားသောက်ဆိုင်မှာ ဘာလုပ်ရမှာလဲ?"

ဖုကျင်းရှောင်းက "သွားလိုက်ရင်သိရပြီမဟုတ်လား"

'BrightStar'အစီအစဥ်က ပရိသတ်တွေကြည့်ရတာ အကြိုက်ဆုံးထဲကတစ်ခုဖြစ်စေတဲ့ ကြီးမားတဲ့ထူးခြားချက်တစ်ခုရှိတယ်။ အဲ့တာကတော့စစ်မှန်တာပဲ။ ကြိုတင်စီစဥ်ထားတဲ့ ဇာတ်လမ်းမရှိသလို ဖြတ်တောက်ထားတာတွေလည်းမရှိဘူး။ ဝန်ထမ်းတွေကအစ ဒါရိုက်တာအဆုံး ဘယ်သူမှအိုင်ဒေါတွေအပေါ်မှာ အထူးခံစားခွင့်မပေးကြဘူး။ အားလုံးကို ပြည်သူတွေရဲ့ဒုက္ခနဲ့အရသာတွေကို ကိုယ်တိုင်သွားပြီးခံစားစေတယ်။ ဒါကအစီအစဥ်ရဲ့သဘာဝဆန်မှုပဲ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now