"အိတ်ထဲမှာ စာရွက်စာတမ်းတွေရှိတယ်... တစ်ချက်ထုတ်လိုက်... ခင်ဗျားနဲ့ကျုပ် စာချုပ်ချုပ်ဖို့ကိစ္စကို မေ့နေတာ"

သူပြောသလိုထုတ်ကြည့်မိတော့ လက်ထဲပါလာသည်က စာချုပ်စာတမ်းတစ်ခု...။

"၆လပဲ ပေါင်းသင်းကြမယ်လို့ ပြောထားတယ်မလား... နှစ်ဦးသဘောတူစာချုပ်လိုမယ်ထင်လို့... ကျုပ်ဘက်ကတော့ လက်မှတ်ထိုးပြီးပြီ... ခင်ဗျားဘက်က ထိုးဖို့ပဲကျန်တော့တယ်"

ထယ်ယောင်းပင် သတိမထားမိတဲ့အရာတစ်ခု...။ ဂျွန်က ဘာလုပ်လုပ်တိကျလွန်းသည်...။ သူ့ဘက်ကပင် လျောလျောလျူလျူဖြစ်နေမှတော့ ကိုယ်ကလည်း ဘာအရေးလဲ...။ လက်မှတ်ထိုးပေးရုံပေါ့...။

"ဒီစာချုပ်ကိုတော့ ခင်ဗျားပဲသိမ်းထားပေါ့... ဟိုအစစ်ကိုတော့ကျုပ်ပဲသိမ်းထားလိုက်မယ်... ပြီးတော့ ကွာရှင်းပြီးရင်လည်း ခင်ဗျားမနစ်နာစေရပါဘူး... အဲ့ဒီအတွက် ခင်ဗျားကို နစ်နာကြေးပြန်ပေးမှာပါ"

ထယ်ယောင်းရဲ့ ဘောပင်ကိုင်ထားတဲ့လက်တွေဟာ တဆတ်ဆတ်တုန်ယင်လို့လာတယ်...။ ဂျွန်က ကိုယ့်ကိုအထင်သေးလွန်းတာထက် ကိုယ့်သိက္ခာတွေကိုပါ စော်ကားလွန်းနေသည်...။

"ဂျွန် ကိုယ့်ကိုသိပ်အထင်သေးလွန်းတယ်... ဂျွန့်အမြင်မှာ ကိုယ်ကဘာလဲ... ငွေမက်တဲ့သူတစ်ယောက်ထက် မပိုခဲ့ဘူးလား...??"

"ဒါကတော့ ကျုပ်ထက်ခင်ဗျားကိုယ်တိုင် ပိုသိမှာပေါ့... လက်ထပ်ပွဲကိုက စီးပွားရေးဆန်တဲ့လက်ထပ်ပွဲဆိုတာ... ခင်ဗျားတို့ဘက်ကနေ ရောင်းကုန်တစ်ခုလို...."

"တော်တော့ ဂျွန်... တော်ပါတော့...!!! ဂျွန့်စကားတွေကိုဆက်ပြီးနားထောင်နိုင်ဖို့ ကိုယ်အင်အားမရှိဘူး... ဟုတ်တယ် ဂျွန်ထင်ထားသလိုပဲ ကိုယ်တို့အသိုင်းအဝိုင်းက ငွေမက်တယ်... ဒါပေမယ့် ကိုယ့်ကို နစ်နာကြေးပေးစရာမလိုပါဘူး... ဂျွန်ဖြစ်စေချင်သလို အချိန်တန်တာနဲ့လမ်းခွဲပေးမှာပါ... လာ သား...သွားမယ်"

သူက ကိုယ့်လက်ထဲချီထားတဲ့ကလေးကိုဆွဲလုကာ အပေါ်ထပ်သို့တက်သွားတာကြောင့် ဒေါသထွက်ပြီးကျန်ခဲ့ရသည်က ဂျောင်ကုပင်...။ မသိရင်ကိုယ်ကပဲ သူ့ကိုလိုချင်လွန်းလို့ အတင်းလက်ထပ်ယူထားတဲ့အချိုးမျိုး ချိုးသွားတာ...။

~~STRING~~ (Completed)Where stories live. Discover now