"ဒါနဲ့ ငါမေ့နေတာ... သူနဲ့ငါ စာချုပ်ကိစ္စလက်မှတ်ထိုးရဦးမယ်... ၆လပြည့်ရင်တော့ငါဝဋ်ကျွတ်ပါပြီ... အဲ့အချိန်ကျရင် နင့်ဆီငါပြန်လာမယ်သိလား"

သူ့ဟာသူတစ်ယောက်တည်းပြောပြီး ဖြစ်ချင်ရာဖြစ်နေတဲ့သူအား ဂျူယောင်းငေးကြည့်ရင်း စိတ်ထဲကနေ ရယ်ချင်တာပဲသိသည်...။

"အေးပါ... စောင့်ကြည့်ရတာပေါ့...
၆လပဲခံမလား နင်ပဲကွေးသွားမလား"

"ဘာ!! နင်ဘာစကားပြောတာလဲ!!"

"ဘာမှမဟုတ်ဘူး ငါအလုပ်တွေရှိသေးတယ်... တာ့တာ ငါလစ်ပြီ"

ပြောချင်တာပြောပြီး ဂျူယောင်းလည်း အခန်းထဲကနေ လစ်ထွက်လာခဲ့ရသည်...။ မဟုတ်ရင်ဒင်းက ရစ်နေဦးမှာ...။ အခုတောင် ဘယ်လောက်ဒေါသထွက်နေလိမ့်မလဲ...။ နည်းတောင်နည်းသေး သူများသားသမီးကို လူကြားသူကြားလက်ထပ်ယူပြီးမှ ဟန်ဆောင်လက်ထပ်တယ်လေးဘာလေး လုပ်နေသေးတယ်...။

~~~~~~STRING~~~~~~

ထယ်ယောင်းရော သားပါရေချိုးပြီးတဲ့အချိန်ဟာ ဂျွန်အိမ်ပြန်ရောက်တာနဲ့ ကွက်တိပင်...။ ကားသံလေးကြားတာကြောင့် တံခါးဝကနေ သားကိုချီလျှက် ရပ်စောင့်နေမိသည်...။

"ဂျွန်ဒီနေ့ပြန်လာတာစောတယ်နော်"

"ပါး~~~ပါး !"

သားက ဂျွန့်ကိုမြင်တော့ ထယ်ယောင်းလက်ထဲကနေ အတင်းကော့ထိုးကာ ဂျွန့်ဆီသွားဖို့ပြင်နေသည်...။

"လာပါဦး ပါပါးသားလေး"

လက်ထဲကနေ ကလေးကိုချီလိုက်တာကြောင့် သူ့လက်ဆွဲအိတ်ကို ထယ်ယောင်းယူလိုက်တော့ သူက ဖျတ်ခနဲလှမ်းကြည့်လာသည်...။

"စကားခဏပြောရအောင်"

ဆိုဖာပေါ်သွားထိုင်နေတဲ့ ဂျွန်တို့သားအဖကြောင့် ထယ်ယောင်းလည်း နောက်ကနေလိုက်ကာ ဂျွန့်အနားသွားထိုင်လိုက်သည်...။

"ဟား~~မွှေးနေတာပဲ... ဘာတွေလူးထားတာလဲ သား‌ပေါက်စလေးရဲ့... အမောကို ပြေသွားတာပဲကွာ... ပါပါးကို မွှေးမွှေးပေးပါဦး"

သားက ဂျွန့်ပါးနှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ အာဘွားတွေပေးနေတော့ ဂျွန်က သဘောတွေကျလို့နေသည်...။ ထယ်ယောင်းကိုပင် ရှိသေးတယ်လို့ ထင်ရဲ့လားမသိ...။

~~STRING~~ (Completed)Where stories live. Discover now