သူမက အေးအေးလူလူပင်...။ ကြိုးသိုင်းလွယ်အိတ်လေးအား ဘေးခုံတွင်ချကာ ဂျောင်ကုသောက်နေတဲ့ ကော်ဖီအေးကိုပင် ဇွတ်ကနဲယူသောက်နေသေးတယ်...။
"ဒါပေမယ့် ငါပြောစရာရှိတယ် ဂျူယောင်း... သူနဲ့ငါက ဟန်ဆောင်လက်ထပ်ထားကြတာ... ၆လပြည့်တာနဲ့ကွာရှင်းကြမှာ... ငါသူ့ကိုမချစ်ပါဘူး... ငါကနင်နဲ့ပဲ လက်ထပ်ချင်တာ"
၆လပြည့်တာနဲ့ ကွာရှင်းကြမှာဆိုတော့ သူမ နည်းနည်းစိတ်ပူသွားတယ်...။ ကိုယ့်သင်္ဘောက ရွက်တောင်မလွှင့်ရသေးဘူး လောင်စာကုန်နေတဲ့သဘော...။ လိုနေတဲ့ လောင်စာလေးကို သူမက ဖြည့်ပေးရမှာပေါ့...။ ဒီအကြောင်းတွေကို ဟိုနှစ်ကောင်ကို ပြန်ဖောက်သည်ချပြီး ၃ယောက်သားအကြံနဲ့ ဒင်းကို မကွေးကွေးအောင်လုပ်မည်...။
ပြောတော့သာ ပါးစပ်ကနေမချစ်ဘူးပြောနေတာ ဟိုကောင်တွေပြောလို့ သူအကုန်သိပြီးပြီ...။ သဝန်တိုလိုက်တာမှ ဂျွန်ဂျောင်ကုမဟုတ်တဲ့အတိုင်းပဲတဲ့...။
ဒါနဲ့များ ဟိုတစ်ယောက်နဲ့ကွာပြီး ဒီအရှခံမကြီးကို သူက ယူဦးမယ်တဲ့...။ တသက်လုံးဝမကြေဘူး...။ ဂျူယောင်းတို့က တက်သစ်စကြော်ငြာမင်းသမီးလည်းဖြစ်သလို အမှောင်လောက သိုင်းသခင်မကြီးလည်းဖြစ်ကြောင်း ဒင်းလုံးဝမသိတာ တော်တော်ကိုရင်နာစရာပဲ...။
ဂျူယောင်းရယ်၊ ဂျောင်ကုရယ်၊ ယွန်းဂီနဲ့ နမ်ဂျွန်းရယ်ဟာ ငယ်ပေါင်းတွေ...။သူနဲ့တွဲဖြစ်တာကလည်း ဟိုကောင်တွေဝိုင်းလှော်လို့...။ ကိုယ်ကသူ့ကို သားတစ်ယောက်လို သဘောထားနေတာ...။ ဟိုနှစ်ကောင်လည်း အတူတူပဲ...။ ဒင်းတို့အားလုံးကို တသက်လုံးကွေးအောင်လုပ်ပစ်ဦးမှာ...။
"ဟေး... ငုတ်တုတ်ကြီးသေသွားတာလား ဂျူယောင်း....?? ငါပြောတာနားထောင်... သူက ကလေးတစ်ယောက်အဖေဟ... ငါနဲ့ဘယ်လိုမှ မအပ်စက်ပါဘူးဟာ"
ကလေးတစ်ယောက်အဖေဖြစ်ကြောင်းလည်း ဟိုကောင်တွေပြောလို့ သိထားပြီးပြီ...။ သူ့ယောကျ်ားက ဘယ်လိုအနေအေးပြီး ဘယ်လိုချစ်ဖို့ကောင်းကြောင်းပါ ပြောပြထားတာကြောင့် သူမက မြင်ဖူးချင်နေတာကို...။ အလုပ်ပိတ်တဲ့တစ်ရက်တော့ ဟိုနှစ်ကောင်ပါခေါ်ပြီး သူတို့အိမ်မှာ သွားမွှေဦးမည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 11
Start from the beginning
