"ဘယ်တုန်းကပြန်ရောက်လဲ...??"
"တစ်နေ့ကပေါ့~~ဟဲဟဲ
လက်ဖွဲ့လေးပို့လိုက်တာရောက်တယ်မလား"
ဂျောင်ကုရှေ့မှာ အတွင်းရေးမှူးဂျောင်က ရှိနေတာကြောင့် မျက်စပစ်ပြကာ အပြင်သို့ထွက်ခိုင်းရသည်...။ ဒင်းက လူရှေ့သူရှေ့လည်းမရှောင် သူပြောချင်တာကို ပြောဖို့လောက်ပဲသိတာ...။
"ငါမေးပါဦးမယ် နင်ဘယ်လိုစိတ်နဲ့ အဲ့ပစ္စည်းကြီးကိုပို့လိုက်ရတာလဲ... ကိုယ့်ချစ်သူအတွက်ပေးတဲ့ မင်္ဂလာလက်ဖွဲ့ကြီးက... ပြီးတော့ ဘာတဲ့... Darling တဲ့... ငါ့မှာအဲ့နေ့က မျက်နှာပူလွန်းလို့"
"ဘာလဲ မကြိုက်ဘူးလား... ငါကနင်တို့အတွက်အသုံးဝင်မယ်ထင်လို့ စေတနာနဲ့ ပို့ပေးတာကို... အဲ့ဒါတွေက ပေါက်လွတ်ပဲစားဈေးနဲ့ ဝယ်ခဲ့တာမဟုတ်ဘူးနော်... limited တွေကိုရွေးပြီးပေးတာ... စေတနာကို စော်ကားပုံက"
"ဒီမှာဂျူယောင်း!! ငါကနင့်လက်ရှိချစ်သူနော်... နည်းနည်းပါးပါးလေး သဝန်တိုပါဦးလား... နင်သိသိချင်း ရန်လာရှာမယ်ထင်နေတာ"
ဂျူယောင်းစိတ်ထဲကနေ အော်အော်ပြီးရယ်လိုက်မိတဲ့အထိ...။ တကယ်တော့ သူတို့လက်ထပ်ပွဲကို ဟိုနှစ်ကောင်ပြောလို့ ကြိုသိပြီးသား...။ အမှန်တော့လက်ဖွဲ့ကို မင်္ဂလာဦးညအမှီ ပို့ပေးဖို့ပါပဲ...။ သူမ အလုပ်တွေနဲ့ ဆက်နေတာကြောင့် မအား၍သာ...။
ပြီးတော့ ကိုယ်ကသူ့ကိုသဝန်တိုပြီး ရန်လာရှာရဦးမယ်ဆိုပဲ...။ ယွန်းဂျူယောင်းတို့က ဟက်တက်ကြီးအရှခံရတာနဲ့တင် လုံလောက်နေပါပြီ...။ သူများလင်လင်ကြားထဲ အစစ်မဆိုတဲ့နာမည်နဲ့တော့ အဝင်မခံချင်ပါ...။ နှစ်ယောက်ကြားက cupid lady ဂျူယောင်းဆိုတဲ့ နာမည်လေးကမှ လိုက်ဖက်ဦးမည်...။
"အမလေး ဂျောင်ကုရယ်... ငါကနင့်ကို အခုမပိုင်တော့ဘူးလေ... နင့်ယောကျ်ားက ငါ့လာထုနေမှာပေါ့"
"ဘာ~~ငါလက်ထပ်လိုက်တာ
ယောကျ်ားလေးမှန်း နင်ဘယ်လိုသိ"
"အမလေးဟဲ့... နင်တို့လက်ထပ်ပွဲအကြောင်း မသိချင်မှအဆုံးဟဲ့... ငါ့နားတွေပူလွန်းလို့... ဟိုနှစ်ကောင်ပြောပြကတည်းက သိပြီးသား"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 11
Start from the beginning
