"နောက်တစ်ခုကိုက အိပ်ခန်းထဲချိတ်ရမယ်လို့ မှာလိုက်လို့ပါ"

"ကျွန်တော်လိုက်ပြပေးပါ့မယ်"

ထယ်ယောင်းလည်း သားကိုချီကာ အပေါ်ထပ်အိပ်ခန်းသို့လိုက်ပြရသည်...။ ကုတင်ခေါင်းရင်းတည့်တည့်မှာ နံရံကလွတ်နေတာကြောင့် ထိုနေရာမှာပဲချိတ်ဖို့ပြောရသည်...။ ဧည့်ခန်းဘက်မှာတော့ ရိုးရိုးလေးချိတ်ထားပေမယ့် အိပ်ခန်းထဲမှဓာတ်ပုံက‌တော့ ဂျွန်သူ့ကိုနမ်းတုန်းက ရိုက်ထားတဲ့ပုံလေး...။

ကောင်လေးတွေပြန်သွားတော့မှ သားကိုသိပ်ဖို့လုပ်ရသည်...။ ဧည့်ခန်းထဲမှာချီကာ လမ်းလျောက်ရင်းချော့သိပ်တော့ ဆန်လုံးလေးက ဂနာမငြိမ်...။ ဟိုလှည့်ဒီလှည့်နဲ့...။

"ဖေ့~~ဖေ့"

ခုနလေးတင်ကမှ ချိတ်သွားတဲ့ပုံကို လက်ညှိုးတထိုးထိုးနဲ့ ဖေဖေလို့လိုက်ခေါ်နေတာလေ...။

"ဒါက ဖေဖေ... ဒါက ပါပါး"

ဆန်လုံးလေးက ထယ်ယောင်းရဲ့ပုံကို သေချာစိုက်ကြည့်နေရင်းမှ ဂျွန့်ရဲ့ပုံကို လက်ညှိုးတွေထိုးကာ....

"ပါး~~!!"

"ပါပါး ပါဆို.... ခေါ်ကြည့် ပါပါး"

"ပါး~~ပါး"

"ပါပါး ပါဆိုနေမှပဲ"

"ပါး !!"

စိတ်မရှည်လို့ထင်သည် အသံကျယ်ကြီးနဲ့ အော်ချလိုက်တာကြောင့် ထယ်ယောင်းလည်း ထပ်ပြီးမပြောတော့ပါ...။ ငယ်သေးလို့ သိပ်မခေါ်တတ်တာပဲ ဖြစ်ပါလိမ့်မည်...။ ဂျွန်သာသိရင် ပျော်နေတော့မှာပဲ...။ မနက်က ခေါ်ခိုင်းတုန်းကတော့ တစ်စက်မှမခေါ်ဘူးလေ...။

~~~~~~STRING~~~~~~

တစ်မနက်ခင်းလုံး အလုပ်နဲ့မပြတ်...။ သူလည်း မနားရသလို အတွင်းရေးမှူး‌ဂျောင်လည်း တစ်ချက်လေးမှမနားရသေး...။ ညနေ၄နာရီထိုးထိ အစာမဝင်ထားပေမယ့် သူဗိုက်မဆာသေးပါ...။ အိမ်ရောက်မှပဲ ညစာနဲ့တစ်ခါတည်းပေါင်းစားတော့မည်...။

လက်ထဲက coffee အေးဘူးလေးအား တစ်ချက်စုပ်သောက်ကာ laptop ကို တတောက်တောက်ခေါက်နေတုန်းမှာပဲ~~

"Hello!!"

အသံပဲလာပြီး လူမရောက်သေးရင်သေချာသည်...။ ဒါဟာ ယွန်းဂျူယောင်းပင်...။ မတွေ့ရတဲ့အတောတွင်း  သူမ နည်းနည်းလေးပြည့်လာ၏။

~~STRING~~ (Completed)Where stories live. Discover now