ကိုယ်က ရှေ့ကနေထထွက်သွားတော့ သူတို့သားအဖက နောက်ကတကောက်ကောက် လိုက်လာပြန်တယ်...။ အိမ်ပေါက်ဝရှေ့ရောက်တော့ နောက်ပြန်လှည့်ကာ မျက်ခုံးပင့်ပြတော့မှ~~

"ဆန်လုံးလေး!! အာပါးကို နှုတ်ဆက်လိုက်ပါဦး... ပါပါး တာ့တာလို့"

ကလေးလက်လေးအားကိုင်ကာ တာ့တာပုံစံလေးလုပ်ပြနေတာကြောင့် ဂျောင်ကုလည်း အသည်းယားလာကာ ပေါက်စလေးရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်အား တရွှတ်ရွှတ်ဆွဲနမ်းမိသည်အထိ...။

"တာ့တာ~~သား"

ကလေးကိုနှုတ်ဆက်ရင်းမှ သူ့အားတစ်ချက်ငဲ့ကြည့်ကာ ကားပေါ်သို့ဝင်ထိုင်လိုက်သည်...။ အခုပုံစံက တကယ့်လင်မယားတွေလိုပဲ...။ ဒါပေမယ့်သူနဲ့ ကင်မ်ထယ်ယောင်းက တကယ့်လင်မယားမှမဟုတ်တာ...။ ပြီးတော့ပေါက်စလေးကလည်း သူ့သွေးသားအရင်းမဟုတ်...။

ဒါပေမယ့် သူပြောတဲ့ပါပါးဆိုတဲ့ nickname လေးအား ဂျောင်ကုသဘောကျတယ်...။ ပြီးတော့ ကလေးကိုနမ်းတုန်းက သူ့ဆီကနေရတဲ့ ကလေးအနံ့လေးကိုလည်း စိတ်ထဲနှစ်ခြိုက်နေမိသည်...။

~~~~~~STRING~~~~~~

ဂျွန်အလုပ်သွားပြီး ခဏကြာတော့ အိမ်ရှေ့ခြံဘက်ကနေ bell မြည်လာသည်...။ အိမ်အကူခေါ်ဖို့မလိုအပ်သေးပေမယ့် လုံခြုံအောင်လို့ ခြံစောင့်တော့ခေါ်မှဖြစ်မည်...။ သားကိုချီကာ တံခါးဖွင့်ပေးတော့ မျက်နှာစိမ်းနဲ့ လူနှစ်ယောက်...။

"ဘာကိစ္စလဲမသိ!!"

"ဓာတ်ပုံလာပို့တာပါ...  ဂျွန်အိမ်တော်ကနေ လွှတ်လိုက်လို့ရောက်လာတာပါဗျ"

"သြော်...ဝင်ပါဝင်ပါ"

သေချာစက္ကူနဲ့ထုတ်ပိုးထားတာကြောင့် ဘာဓာတ်ပုံမှန်းတော့မသိရ...။ ဆိုဒ်ကြီးတာကြောင့် နှစ်ယောက်မ,ရသည်အထိ...။

"ဟိုလေ ဂျွန်အိမ်တော်က လွှတ်လိုက်တာဆိုတော့"

"Boss ရဲ့ အမေပါ"

ကောင်လေးနှစ်ယောက်က ဧည့်ခန်းရှေ့မှာ ပစ္စည်းတွေချကာ စက္ကူပတ်တွေကို သေချာခွာနေသည်...။ ပြီးတော့ ဧည့်ခန်းအလယ်တည့်တည့်နေရာမှာ ဓာတ်ပုံကိုချိတ်နေကြတာကြောင့် အနားကပ်ကာသွားကြည့်မှ သူနဲ့ဂျွန်ရဲ့ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ပုံ...။

~~STRING~~ (Completed)Where stories live. Discover now