"ဒါနဲ့... ခင်ဗျားက ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်နေတော့ ကျုပ်အတွက်လုပ်ပေးရတာ အခက်အခဲဖြစ်မှာပေါ့... ခဏတော့သည်းခံပေး... မေမေ့ကိုပြောပြီး အိမ်အကူငှားခိုင်းလိုက်ပါ့မယ်... တစ်ပတ်လောက်တော့စောင့်ရမှာပေါ့"
ဂျွန်ဟာလေ အမြဲတမ်းတစ်ဖက်သတ်တွေးလွန်းသည်...။ ခုနက ထယ်ယောင်းပြောလိုက်တာကို အထအနကောက်ပြီး ပြန်ချေပလိုက်တာ...။ ဒီလူ၃ယောက်စာလောက်ကို အိမ်အကူခေါ်ရလောက်အောင် ထယ်ယောင်းအပျင်းမကြီးပါဘူး...။ တကယ်ဆိုနေတတ်ရင် အနေသာကြီးပါ...။ ကိုယ့်ဘက်ကနေ လုပ်ပေးချင်လို့ကို သပ်သပ်စေတနာကို စော်ကားလွန်းလှသည်...။
"ဂျွန့်တစ်ယောက်စာအတွက် ကိုယ်အပန်းမကြီးပါဘူး ဂျွန်ရဲ့... အလကားငွေအကုန်ခံပြီး အပိုလူထပ်မခေါ်ပါနဲ့လား... ကိုယ်လုပ်နိုင်ပါတယ်... ဂျွန်က ကုမ္ပဏီတစ်ခုလုံးကို ဦးစီးနေရတာဆိုတော့ ကိုယ့်ဘက်ကနေ ဒီလောက်လေးတော့ ပြန်လုပ်ပေးပါရစေ"
"မဟုတ်ဘူး... ကျုပ်ပြောချင်တာက ခင်ဗျား သားကိုဂရုမစိုက်နိုင်မှာစိုးတာ... ခင်ဗျားက ဒီမှာတစ်ခုခုလုပ်နေပြီး ကလေးကိုပစ်ထားလို့ တစ်ခုခုဖြစ်ရင် ဘယ့်နှယ့်လုပ်မလဲ... အဲ့ဒါကိုတွေးမိရဲ့လား...??"
သူတွေးတာကတစ်မျိုး ကိုယ်တွေးတာကတစ်မျိုး...။ ဟန်ဆောင်လက်ထပ်ထားကြတယ်ဆိုပေမယ့် သူ့ကိုဒါမျိုးတွေလုပ်ခိုင်းဖို့မှမဟုတ်တာ...။ မီးဖိုချောင်ဝင်ရအောင်လည်း ကိုယ်ယူထားတာ မိန်းကလေးလည်းမဟုတ်...။ သူ့အတွက်တွေးပေးတာကို သူကတစ်မျိုးထင်နေပြန်သည်...။
"ကိုယ်လုပ်နိုင်ပါတယ်... လိုအပ်ရင်တော့ ဂျွန့်ကိုပြောပါ့မယ်... အခုလောလောဆယ်တော့မခေါ်ပါနဲ့ဦး... သားကလဲ အငိုထူတဲ့ကလေးမဟုတ်ပါဘူး"
ကလေးကိုထမင်းခွံ့နေရင်းမှ သူ့ကိုစကားပြန်ပြောသည်...။ စကားတွေထပ်မချဲ့ချင်တာကြောင့် သူပြောတာကို ဂျောင်ကု စိတ်မပါပဲလက်ခံလိုက်ရတာ...။ တကယ်တော့ မီးဖိုချောင်အလုပ်ဟာ ယောကျ်ားလေးနဲ့မအပ်စက်တဲ့ အလုပ်မဟုတ်ပေဘူးလား...။
"အင်းပါ...ခင်ဗျားအဆင်ပြေရင်လဲပြီးတာပဲ...
ကျုပ်အလုပ်သွားတော့မယ်"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 11
Start from the beginning
