ကိုယ့်ကိုတွေ့တော့ မျက်နှာလေးက ငိုမဲ့မဲ့...။ ကင်မ်ထယ်ယောင်းက ကလေးကိုငြိမ်ဆေးကျွေးပြီး breakfast ပြင်နေပုံပဲ...။

"ဖေ့~~အင့်"

ခါးထောက်ကာ သေချာကြည့်ပေးလိုက်တော့ ချိုလိမ်လေးအား ဆွဲနှုတ်ကာ အော်ငိုပါတော့သည်...။

"ဖေ့~~~ချီ !"

"အင့်~~အင့်~~ဝါး"

ကိုယ့်ကို သူ့အဖေလို့ထင်နေပုံပါပဲ...။ လက်တွေဆန့်ထုတ်ပြီး တဝါးဝါးငိုကာ ချီခိုင်းနေတာကြောင့် ဂျောင်ကုလည်း ကောက်ပွေ့ကာချီရင်း kitchen ဘက်သို့ဝင်လာခဲ့လိုက်သည်...။

"အဲ.... ဂျွန်နိုးလာပြီလား...!!!"

ကလေးကိုချီကာ ဝင်လာတဲ့သူကြောင့် ထယ်ယောင်းလည်း လုပ်လက်စတွေအား လက်စသပ်ကာ အနားသို့ပြေးသွားရသည်...။

"သားက ငိုနေပြန်ပြီ... ဂျွန့်ကို ဂျီကျလိုက်သေးတာလား...??"

လက်ထဲမှ ကလေးအား သူကဆွဲပွေ့ကာ ချီလိုက်တာကြောင့် ခုံတစ်လုံးအားဆွဲယူလျှက် ဂျောင်ကုလည်း ဝင်ထိုင်ရင်းနဲ့မှ ပြန်အဖြေပေးလိုက်သည်...။

"သူ့အဖေကိုမတွေ့လို့ငိုတာပါ...
ခင်ဗျားက သားကိုပစ်ထားတာကိုး"

"ဂျွန်ရယ်... ကိုယ်ဒီမှာ breakfast ပြင်နေတာအားမှမအားပဲ... သားက ခါတိုင်းဆို ထားရင်ထားသလို နေတတ်ပါတယ်"

သားကိုပေါင်ပေါ်ချီတင်ရင်းမှ ဖြည့်စွက်စာလေးအား တစ်လုတ်ပြီးတစ်လုတ်ခွံ့ရသည်...။ ဗိုက်ဆာနေတာမို့ အငမ်းမရစားရှာပါသည်...။ ပါးဖောင်းဖောင်းကြီးနှစ်ဖက်မှာ မျက်ရည်စတွေက အခုထိမခြောက်သေး...။

"ဂျွန်ကြိုက်မလားမသိပေမယ့် ကိုယ်လုပ်တတ်သလောက်လေး ပြင်ထားတာ... ကော်ဖီက တစ်ခါတစ်လေသောက်တာပဲကောင်းတယ်... များများသောက်ရင် ကျန်းမာရေးထိခိုက်တယ်တဲ့"

စားပွဲခုံပေါ်မှာတင်ထားတဲ့ breakfast ကို ဂျောင်ကု တစ်ချက်ကြည့်လိုက်သည်...။ sandwich ရယ်၊ ကြက်ဥ half fried ရယ်၊ ကြက်အူချောင်းကြော်ရယ်...။ နွားနို့က‌တော့ jar ထဲကနေ ငှဲ့စရာပင်မလို အဆင်သင့်...။

ဂျောင်ကုလည်း ဘာမှဆက်ပြောမနေတော့ဘဲ သူပြင်ပေးသမျှကိုသာ ငုံ့ကာစားနေလိုက်သည်...။ အစည်းဝေးက ၈နာရီစမှာမို့ စားပြီးတာနဲ့ ချက်ချင်းထွက်ရမည်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora