"ခင်ဗျား ကျုပ်ကိုစိတ်မဆိုးဘူးလား...??"

"ဟင့်အင်း... ဂျွန့်စိတ်ကို နားလည်အောင်ကြိုးစားနေတယ်... ကိုယ်စိတ်မဆိုးပါဘူး"

"ဘာဖြစ်လို့ကြိုးစားချင်ရတာလဲ...
tea လာပို့တာကရော ဘာအတွက်လဲ"

"မုန်းတာကိုမခံချင်လို့ပါ... ပြီးတော့ tea က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်လို့ပါ"

"မုန်းတာကိုမခံချင်ဘူးဆိုတော့ သွယ်ဝိုက်သောအားဖြင့် ချစ်တာကိုခံချင်တယ်ပေါ့"

ရှေ့သို့တစ်လှမ်းချင်းတိုးကပ်လာတဲ့ ဂျွန်ကြောင့် နောက်သို့တစ်လှမ်းချင်းတိုးဆုတ်မိပေမယ့် နောက်ဆုံးမှာတော့ ထယ်ယောင်းကိုယ်လေး ဘီရိုနံရံနဲ့ သွားကပ်မိတော့သည်...။

"ဟုတ်လား မေးနေတယ်လေ!!
စကားပြောနေရင် လူကိုကြည့်မှပေါ့"

တစ်ဖက်သို့အကြည့်လွှဲနေတာကြောင့် မေးဖျားကနေ ဆတ်ကနဲပင့်မော့ကာ ပါးနှစ်ဖက်ကို လက်တစ်ဖက်ထဲအားဖြင့် ဆွဲညှစ်လိုက်တော့ မျက်မှောင်လေးတွေ တွန့်ချိုးကုန်သည်...။

"ကိုယ်ဆိုလိုချင်တာ အဲ့သဘောမဟုတ်ပါဘူး"

"ထားပါတော့... ကျုပ်က အိပ်ဆေးသောက်ရင်တောင် အိပ်ချင်မှအိပ်တာ... တစ်ခါတလေ ညည့်နက်တဲ့အထိအိပ်မပျော်ဘူး... ခင်ဗျားမှာ အိပ်ပျော်စေတဲ့နည်းရှိလား"

"ဟင့်အင်း ကိုယ်မသိဘူး... နည်းလမ်းရှိရင်တော့ ကူညီလို့ရရင် ကိုယ်ကူညီပါ့မယ်... အိပ်ပျော်အောင်အိပ်မှ အလုပ်များများလုပ်နိုင်မှာလေ"

"ဒါပေါ့.... နည်းလမ်းက အင်းး တစ်နည်းတော့ရှိတယ်... အဲ့ဒါကိုလုပ်ရင် နည်းနည်းတော့ပင်ပန်းပေမယ့် မထချင်လောက်အောင် စိတ်ပျော်ရွှင်မှုတွေလဲပေးနိုင်တယ်"

"ကိုယ်ကူညီလို့ရရင် ကူညီပေးမယ်လေ
အရမ်းခက်ခဲတဲ့နည်းလမ်းလား...??"

သူကတော့ဘာမှမသိရှာ...။ ဂျောင်ကုပြောသမျှကို အဟုတ်ကြီးထင်ကာ တကယ်ကူညီမယ့်ပုံနဲ့...။

"ခင်ဗျားကူညီပေးလို့ရပါတယ်
နည်းသိချင်လား... ဒီနားတိုးခဲ့"

တကယ်ကြီးရှေ့သို့တိုးလာတာကြောင့် နားဖျားလေးနားကပ်ကာ လေသံတိုးတိုးလေးနဲ့ ပြောလိုက်တော့ တစ်ကိုယ်လုံးတုန်တက်သွားသည့်နှယ်...။ သူ့မျက်နှာကိုပြန်ငေးကြည့်မိတော့ မီးရောင်ဝင်းဝင်းအောက်မှာ အရှက်သည်းကာ နီရဲနေပုံက သနားစရာသတ္တဝါငယ်လေးလို...။

~~STRING~~ (Completed)Where stories live. Discover now