~~~~~~STRING~~~~~~
ထမင်းဝိုင်းမှာအတူထိုင်ဖြစ်ကြလည်း ဂျွန်က ထယ်ယောင်းကိုစကားမပြော...။ စိတ်ဆိုးသင့်တာ ကိုယ့်ဘက်ကဆိုပေမယ့် ဂျွန်ကပြန်ပြီး ကိုယ့်ကိုစိတ်ဆိုးသွားပုံပဲ...။
သားကိုထမင်းကျွေးပြီး ထမင်းစားချင်စိတ်မရှိတာကြောင့် အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်...။ ၉နာရီထိုးလောက်မှာ သားကအိပ်ပျော်သွားတာကြောင့် အောက်ထပ်သို့ပြန်ဆင်းကာ ဂျွန့်အတွက် chamomile tea လေးတစ်ခွက် ဖျော်လိုက်သည်...။
အလုပ်တွေပင်ပန်းထားတဲ့သူမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လိုသည်...။ ဂျွန်ကသာ နေနိုင်ပေမယ့် ထယ်ယောင်းကတော့ သူ့လို ဒေါသထွက်စိတ်တိုတာမျိုး မလုပ်ချင်ပါ...။
အခန်းတံခါးအားခေါက်ပေမယ့် တော်ရုံနဲ့မပွင့်လာတာကြောင့် ကိုယ်တိုင်ဝင်သွားတော့ ဂျွန်က အခန်းထဲမှာမရှိ...။ ထယ်ယောင်းလည်း အလုပ်စားပွဲပေါ် ဗန်းလေးတင်ပြီး ဘီရိုတွေထားတဲ့ဘက် လျှောက်လာလိုက်သည်...။ မေမေပြောလိုက်တဲ့ ဂျွန့်မေမေက ကိုယ့်အတွက်အဝတ်အစားတွေပါ စီစဉ်ပေးထားတယ်ဆိုတဲ့စကားကြောင့် ဘီရိုတံခါးအားဆွဲဖွင့်ဖို့အလုပ်.....
"ဒါကဘာလုပ်နေတာလဲ!!!
သူများအခန်းထဲ အသံမပေးပဲဝင်လာပြီး"
နောက်ကျောခိုင်းထားတာကြောင့် တစ်ဖက်သို့လှည့်ပြီးမှ မှားမှန်းသိရသည်...။ အပေါ်ပိုင်းအဝတ်ပင်မကပ် ခါးထက်မှာတော့ တာဝါစတစ်ခုသာ သိုင်းပတ်ထားတဲ့သူဟာ အခုမှရေချိုးခန်းထဲက ထွက်လာသည့်ပုံ...။
"ဟို... ဂျွန့်အတွက် tea လေးလာပို့ပေးတာပါ"
"လာပို့ပြီးရင်ပြန်လေ... ဘာလို့ဘီရိုတံခါးကို ဆွဲဖွင့်ချင်နေရတာလဲ...??"
"မ...မဟုတ်ပါဘူး မေမေပြောလို့ ကိုယ့်အတွက် ဂျွန့်မေမေက အဝတ်တွေပါ စီစဉ်ပေးထားတယ်ဆိုလို့ သိချင်ရုံပါ... ကိုယ်အခုထိမဖွင့်ကြည့်ရသေးပါဘူး"
ညနေကကိစ္စကြောင့် သူ့အပေါ်ဒေါသထွက်နေပေမယ့် အတင့်ရဲကာ အခန်းထဲထိဝင်ပြီး လက်ဖက်ရည်လာပို့သတဲ့...။ ကိုယ့်မျက်နှာကိုမကြည့်ပါပဲ တစ်ဖက်ကိုမျက်နှာလွှဲထားတဲ့သူကြောင့် စ,ချင်စိတ်တွေက ဖြစ်လာပြန်သည်...။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 11
Start from the beginning
