နူမူက ဒါကို မမျှော်လင့်ထားဘူး။နူမူက ဟေးရွမ်ရီ၏သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"ဒါက နည်းနည်းတော့ ပြင်းထန်တယ်။ဘယ်သူက သူ့ကိုဒီလိုလုပ်နိုင်တာလဲ""

"ကျွန်တော်တို့လည်း သူက ဘယ်သူလဲဆိုတာ မသိဘူး။ကျွန်တော်တို့က သူ့ကို မကြာခင်တုန်းကမှတွေ့တာ။သူက အရမ်းစွမ်းအားကြီးပြီး ကျွန်တော်တို့ကို ထိခိုက်ဖို့ ဝိညာဉ်မုဆိုးတွေကိုတောင် ငှားရမ်းခဲ့တယ်"

"ဒါကြောင့်ဘဲ အရင်ညက နှင်းမုန်တိုင်းတွေ လေမုန်တိုင်းတွေက ထပ်ခါထပ်ခါကျရောက်ခဲ့တာပေါ့။ငါရှိနေတဲ့ ရွာဆိုရင် နှင်းတွေဖုံးသွားတာဘဲ။ပြီးတော့ ဒါဇင်ချီတဲ့ တဲတွေကို သိပ်သည်းတဲ့နှင်းတွေက ဖိသွားခဲ့တယ်။ငါ့ရဲ့နောက်လိုက်တွေက တစ်ညလုံး နှင်းတွေအောက်မှာ မြှုပ်သွားမှာစိုးလို့ တူးဆွနေရတယ်။ဒါပေမဲ့ ဝိညာဉ်မုဆိုးတွေကို ငှားရမ်းခဲ့တဲ့သူကလည်း ပြင်းပြင်းထန်ထန်ထိခိုက်သွားမှာဘဲ။သူက အပြစ်မဲ့သူအများကြီးကို သေစေလို့ အပြစ်ပေးခံရမှာဘဲ"နူမူက ပြောလိုက်ပြီး ပိုပြီးမျက်မှောင်ကြုတ်လိုက်တယ်။

သူက သူ့အိတ်ကပ်ထဲကနေ ဆေးပုလင်းကို ထုတ်ယူလိုက်ပြီး"ဒါက စိတ်စွမ်းအင်နယ်မြေထိခိုက်တာကို ကုသဖို့ကောင်းတဲ့ ဆေးဘဲ။ငါ့မှာအများကြီးမရှိပေမဲ့ ငါးရက်လောက်တော့ လုံလောက်တယ်။ရုန်အာ မင်းက မင်းအဖေရဲ့စိတ်စွမ်းအင်နယ်မြေကုသတဲ့ နည်းလမ်းအတိုင်း ရွမ်ရီကို ကုသပေးဖို့ ကြိုးစားသင့်တယ်။ဒီလိုဆိုရင် ရွမ်ရီရဲ့စိတ်စွမ်းအင်နယ်မြေက တစ်လအတွင်းပြန်ကောင်းလိမ့်မယ်"

-----------------------

Chapter(353)
အရွယ်ရောက်သူကစားနည်း(2)

"ကျွန်တော်လည်း အဲလိုဘဲတွေးထားတယ်"

"သူက မင်းတို့ကိုကာကွယ်ဖို့ အားနည်းနေတယ်ဆိုကတည်းက ငါက မင်းကိုကာကွယ်ပေးဖို့ လူများများလွတ်လိုက်မယ်"

"ကျုပ်သဘောမတူဘူး။လူများများလွတ်လိုက်တာက ကျုပ်တို့ရန်သူတွေကို ရောနှောဖို့ အခွင့်အရေးရသွားနိုင်တယ်"ဟေးရွမ်ရီက သဘောမတူပါဘူး။

COTAW(Zawgyi)Where stories live. Discover now